၂၀၂၀ ပြည့် ရွေးကောက်ပွဲကဲ့သို့ မဲစာရင်းကြောင့် အမည်းစက် ထပ်မံမဖြစ်စေရေး ဆောင်ရွက်ရန်လိုဟု နစက ဥက္ကဋ္ဌ တိုက် တွန်း

နစက က ကျင်းပပြုလုပ်မည့် ရွေး ကောက်ပွဲတွင် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကဲ့သို့ မဲစာရင်းမှားယွင်းမှုများကြောင့် အမည်းစက် ဖြစ်ခဲ့ရသည့်အဖြစ်မျိုး ထပ်မံမဖြစ်စေရေး ဆောင်ရွက်ရန် လိုကြောင်း နစက ဥက္ကဋ္ဌ က တိုက်တွန်းပြောကြား လိုက်ပါသည်။

ယမန်နေ့ ဇန်နဝါရီလ (၃၁)ရက်က ပြုလုပ်ခဲ့သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ (၁/၂၀၂၄) အစည်း အဝေးတွင် နစက ဥက္ကဌက ယင်းသို့ တိုက်တွန်း ပြောကြားခဲ့ခြင်းလည်းဖြစ်ပါသည်။

၂၀၂၄ ခုနှစ်တွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အောင်မြင်စွာ ကောက်ယူနိုင်ရေး၊ စာရင်းကောက်ယူရာတွင် တွေ့ကြုံလာနိုင်သည့် အခက်အခဲများကို ကြိုတင်ပြင်ဆင် ထားနိုင်ရေး စမ်းသပ်သန်းခေါင်စာရင်းကိုလည်း ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် မြို့နယ်ပေါင်း ၂၀ အတွင်းရှိ စာရင်းကောက်ကွက် ၁၀၀ ၌ ပဏာမဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း ဆိုသည်။

၂၀၁၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမှ ကောက်ယူရရှိသည့် လူဦးရေကို အခြေခံပြီး ခန့်မှန်း တွက်ချက်ရာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ လ ၁ ရက် မြန်မာနိုင်ငံရှိ ခန့်မှန်းလူဦးရေမှာ ၅၆ ဒသမ ၂ သန်း ဖြစ်ကြောင်း ဆိုသည်။  တစ်နိုင်ငံလုံးအတိုင်းအတာနှင့် သန်းခေါင်စာရင်းကောက်ယူပြီးမှသာ လူဦးရေ စာရင်း ထွက်လာမည်ဖြစ်ပြီး မဲစာရင်းများ ပြုစုနိုင်မည်ဖြစ်ကြောင်းနှင့် သန်းခေါင်စာရင်းများ အပြည့်အဝ ကောက်ယူနိုင်မှသာ မှန်ကန်သည့် မဲစာရင်းများရရှိမည်ဖြစ်ပြီး ရွေးကောက်ပွဲကို မှန်ကန်စွာ ပြုလုပ်နိုင်မည် ဖြစ်ပါကြောင်း ပြောဆိုသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မဲဆန္ဒရှင်များအနေဖြင့် မဲပေးရာတွင် ရှင်းလင်းလွယ်ကူစွာ မဲပေးနိုင်ရေး၊ မဲရလဒ်မှန်ကန်ရေး၊ ပယ်မဲမရှိရေး၊ မဲမသမာမှု မပြုလုပ်နိုင်ရေးနှင့် ပွင့်လင်းမြင်သာမှုရှိစေရေးအတွက် မြန်မာအီလက်ထရောနစ် မဲပေးစက် (Myanmar Electronic Voting Machine)နှင့် စပ်လျဉ်းသည့် ရှင်းလင်းပြသခြင်းများ၊ လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိပြီး နေပြည်တော်ရှိ ဗဟိုအဆင့်အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီ၊ နေပြည်တော် စည်ပင်နှင့် တက္ကသိုလ်များ စုစုပေါင်း ၄၂ ဖွဲ့၊ ပြည်ထောင်စုနယ်မြေနေပြည်တော်ရှိ မြို့နယ် ၈ ခုနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အားလုံးတို့တွင် ဆောင်ရွက်ခဲ့ပြီး မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ချစ်သူသာပန်းတစ်ပွင့်ဖြစ်ခဲ့လျှင် ရုပ်ရှင်ဇာတ်ကား Red Carpet Show ကျင်းပ
Next post နစက၏ အန္တိမရည်မှန်းချက်သည် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးဖြစ်ဟု နစက ဥက္ကဋ္ဌ ပြောကြား