၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ပုဂံရှေးဟောင်း သုတေသနပြတိုက်ဝင်ကြေးငွေ ကျပ်သိန်း ၃၈၀ ကျော် ကောက်ခံရရှိခဲ့
၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့ဟောင်းရှိ ပုဂံရှေးဟောင်းသုတေသနပြတိုက်၏ ပြတိုက်ဝင်ကြေး ငွေကျပ် ၃၈,၅၂၆,၀၀၀ ကောက်ခံရှိခဲ့ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) တာဝန်ရှိသူများထံက သိရသည်။
ပုဂံရှေးဟောင်းသုတေသနပြတိုက်ကို ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၅ ရက်နေ့မှစ၍ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နိုင်စေရန် ပိတ်ထားခဲ့ရာမှ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။
ပုဂံရှေးဟောင်းသုတေသနပြတိုက်သို့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပြည်တွင်းခရီးသွား (၈၃၄၃၃) ဦး၊ ပြည်ပနိုင်ငံသား ၊ (၃၂၈) ဦး ဝင်ရောက်ခဲ့ပြီး၊ ၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ်၊ ဧပြီလမှ ဒီဇင်ဘာလအထိ ပြည်တွင်းခရီးသွား ၈၃၆၀ ဦး၊ ပြည်ပနိုင်ငံသား ၁၂၃ ဦး ဝင်ရောက်ခဲ့သည်။ ပုဂံရှေးဟောင်းသုတေသနပြတိုက်အား တနင်္လာနေ့နှင့် အများပြည်သူရုံးပိတ်ရက်များမှအပ နေ့စဉ် နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲထိ ပုံမှန်ဖွင့်လှစ်ထားကြောင်း သိရသည်။
More Stories
ညောင်ဦးတွင် မီးပြတ်နေသဖြင့် ဖယောင်းတိုင်မီးထွန်းရာမှ ငှက်ကြီးခေါင်းကျ ဘုန်းကြီးကျောင်း မီးလောင်
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်ရှိ ငှက်ကြီးခေါင်းကျ ဘုန်းတော်ကြီးကျောင်းတွင် စက်တင်ဘာ ၂၁ ရက်၊ ည ၈ နာရီ က မီးပြတ်နေသဖြင့် ဖယောင်းတိုင်မီးထွန်းထားရာမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ထံမှ သိရသည်။ သက်တမ်းနှစ်တစ်ရာကျော် ငှက်ကြီးခေါင်းကျ...
ရေဘေးအလှူငွေ လက်ခံပွဲတွင် ကျပ် ၃၂ ဘီလီယံကျော်ရရှိ
နေပြည်တော်၊ မြို့တော်ခန်းမ၌ ယနေ့ စက်တင်ဘာ ၂၁ ရက်မွန်းလွဲပိုင်းကကျင်းပသည့် ရေဘေးသင့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန်အလှူငွေပေးအပ်ပွဲအခမ်းအနားတွင် အလှူငွေကျပ် ၃၂ ဘီလီယံကျော်ရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ အခမ်းအနားသို့ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်၍ စေတနာရှင်၊အလှူရှင်များကပေးအပ်လှူဒါန်းသော အလှူငွေများကိုလက်ခံပြီး...
ရေကြီးရေလျှံမှုကြောင့် ဖောင်တော်ဦး ဘုရားပွဲ မပြုလုပ် ဖြစ်တော့ဟု သက်ဆိုင်ရာအာဏာပိုင်အဖွဲ့ ဆို
ယာဂီမုန်တိုင်းအရှိန်ကြောင့် နိုင်ငံအဝန်း မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် အင်းလေးဒေသတွင်လည်း ရေနစ် မြုပ်ခဲ့ပြီး စီစဉ်ထားသည့် ဖောင်တော်ဦးဘုရားပွဲတော်ကိုလည်း မပြုလုပ်ဖြစ်တော့ကြောင်း သက်ဆိုင်ရာဒေသအာဏာပိုင် အဖွဲ့အစည်းထံမှ သိရသည်။ အင်းလေးဖောင်တော်ဦးဘုရားပွဲကို နှစ်စဉ်သီတင်းကျွတ်ကာလရောက်တိုင်း ၁၇ ရက်ကြာကျင်းပလေ့ရှိပြီး ယခုနှစ်တွင်လည်း ပုံမှန်အတိုင်းကျင်းပသွားရန် စီစဉ်ထားခြင်းဖြစ်သည်။ "ရေကြီးတော့...
ရေဘေးသင့် ပြည်သူများအတွက် အလှူငွေလက်ခံပွဲကို ပြည်နယ်နှင့် တိုင်း ၈ ခုတွင် ကျင်းပမည်ဖြစ်ပြီး တက်ရောက် လှူဒါန်းလိုသူများ ဆက်သွယ်နိုင်
ရေဘေးသင့် ပြည်သူများအတွက် အလှူငွေလက်ခံပွဲကို ပြည်နယ်နှင့် တိုင်း ၈ ခုတွင် စက်တင်ဘာ ၂၁ ရက် မွန်းလွဲ ၂ နာရီ အချိန်၌ ကျင်းပမည်ဖြစ်ပြီး တက်ရောက်လှူဒါန်းလိုသူများ ဆက်သွယ်နိုင်ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက အသိပေးထားသည်။...
ရာဂီမုန်တိုင်းဒဏ်တွေ့ကြုံခဲ့ရသော မြန်မာပြည်သူများကို စင်ကာပူဒေါ်လာ ၅ သိန်းတန်ဖိုးရှိ အကူအညီပေးရေးပစ္စည်း များ ပေးပို့ကူညီမည်ဟု SRC ပြော
စင်ကာပူကြက်ခြေနီအဖွဲ့ (SRC) သည် ရာဂီမုန်တိုင်း၏ သက်ရောက်မှုများကို တွေ့ကြုံခဲ့ရသော အာဆီယံဒေသအတွင်းရှိ နိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီများပေးပို့ကူညီသွားမည်ဖြစ်ရာ မြန်မာပြည်သူများအတွက် စင်ကာပူ ဒေါ်လာ ၅ သိန်းတန်ဖိုးရှိ အကူအညီပေးရေးပစ္စည်းများ ပေးပို့ကူညီသွားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံသည် တိုင်ဖွန်းမုန်တိုင်း ရာဂီကြောင့်...
ရေဘေးသင့်ပြည်သူများကို လှုဒါန်းရာတွင် သက်ဆိုင်ရာမှ တဆင့်သာ လှုဒါန်းရမည် ဟုဆို
ရေကြီးမှုဖြစ်ပွားသည့်ဒေသများရှိ ရေဘေးသင့်ပြည်သူများအား လှုဒါန်းရာတွင် သက်ဆိုင်ရာမှတဆင့်သာ လှုဒါန်းရ မည်ဖြစ်ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက အသိပေးထုတ်ပြန်ထားသည်။ နိုင်ငံအတွင်း လတ်တလောဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုများကြောင့် ယာယီကယ်ဆယ်ရေးစခန်းများသို့ လာ ရောက်လှူဒါန်းရာတွင် ပတ်ဝန်းကျင်ရာသီဥတု အခြေအနေအရ အလှူရှင်များက ပြင်ဆင်ချက်ပြုတ်လာသော အ...