ကျောက်ပန်းတောင်းမှ အငြိမ့်မင်းသမီး ဘိုမ အကြမ်းဖက် လှုံ့ဆော်မှုကြောင့်ထိန်းသိမ်းခံရ

ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ ကွက်သစ်ရပ်ကွက်တွင် နေထိုင်သည့် အငြိမ့်မင်းသမီး ဘိုမ ဆိုသူအား အကြမ်းဖက်လှုံ့ဆော်မှုဖြင့် ယမန်နေ့ က ထိန်းသိမ်းခဲ့ရကြောင်း သိရသည်။

စစ်ဆေးခဲ့ရာ မိုမိုအောင်(ခ)ဘိုမ သည် ၎င်းအသုံးပြုသည့် BOMA LAY Tik Tok Account တွင် GZ တို့ တိုက်ပွဲခေါ်သံသီချင်း ရိုက်ကူး၍လွှင့်တင်ခဲ့ကြောင်းစစ်ဆေးသိရှိရ၍ ၎င်း အား မမစ(ကျောက်ပန်းတောင်း)(ပ)၃/၂၀၂၄၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ပြီး တရားခံအား မမစ(ကျောက်ပန်းတောင်း)၌ ချုပ်နှောင်ထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ထီဆုမဲ(၁၀၀၀၀)ကျော်ကို ဇန်နဝါရီလကုန်အထိ လာရောက်ထုတ်ယူခြင်းမရှိပါက အခွန်ဘဏ္ဍာအဖြစ် သိမ်းဆည်းမည်ဟု အသိပေး
Next post အမြန်လမ်းတွင် Hummer ယာဥ်တစ်စီးမီးလောင်မှုဖြစ်ပွား