အမြန်လမ်းတွင် Hummer ယာဥ်တစ်စီးမီးလောင်မှုဖြစ်ပွား

ရန်ကုန် – မန္တလေး အမြန်လမ်းမကြီးတွင် Hummer ယာဥ်တစ်စီးမီးလောင်မှု ယနေ့ ဇန်နဝါရီ (၅) ရက် နံနက်ပိုင်းက ဖြစ်ပွား ခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ အမြန်လမ်း မိုင်တိုင်အမှတ် (၁၇၀/၃) နှင့် (၁၇၀/၄) အကြားတွင် ယနေ့ နံနက် (၁၁) နာရီ (၅၄) မိနစ်တွင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ယာဉ်မီးလောင်မှုဖြစ်ပွားရာ နေရာသို့ သာဂရအမြန်လမ်း မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာ ငြှိမ်းသတ်ခဲ့ရာ နေ့လယ် (၁၂) နာရီအချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ကျောက်ပန်းတောင်းမှ အငြိမ့်မင်းသမီး ဘိုမ အကြမ်းဖက် လှုံ့ဆော်မှုကြောင့်ထိန်းသိမ်းခံရ
Next post နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Sun Weidong အား လက်ခံတွေ့ဆုံ