မြောက်ဦးမြို့နယ် ပြည်သူ့ဆေးရုံ အကြမ်းဖက်အဖွဲ၏ လက်နက်ကြီးကျရောက်မှုကြောင့် ထိခိုက်ပျက်စီး

ရှေးဟောင်းယဉ်ကျေးမှုနယ်မြေကို ဖျက်ဆီးရန် ရည်ရွယ်ချက်ရှိရှိ တိုက်ပွဲဖော်ဆောင်နေသော AA အကြမ်းဖက်အဖွဲ့၏ လက်နက်ကြီးကျရောက်မှုကြောင့် ယမန်နေ့ ညနေပိုင်းတွင် ဒေသခံများကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေသော မြိုနယ်ပြည်သူ့ဆေးရုံ အဆောက်အဦ ထိခိုက်ပျက်စီးခဲ့ကြောင်းသိရှိရပါတယ်။ ထို့ပြင် အရေးပေါ်ကူညီကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေသည့် ကရုဏာလှိုင်းသွေးလှူရှင်အသင်းရုံးတို့ ပျက်ဆီးခဲ့ရကြောင်း သိရှိရသည်။

အဆိုပါလက်နက်ကြီးကျရောက်မှုကြောင့် မြိုနယ်ပြည်သူ့ဆေးရုံ ခွဲစိတ်ခန်းနှင့် လူနာဆောင်များ ပျက်စီးခဲ့ရပြီး ကရုဏာလှိုင်း ရုံးရှိ မော်တော်ယာဉ်နှင့် ရုံးနောက်ဖက်ခြမ်းပျက်စီးသွားကြောင်း ဒေသခံများဆီမှ သိရှိရခဲ့ပါသည်။

ယမန်နေ့ နံနက်ပိုင်းကလည်း AA အကြမ်းဖက်သောင်းကျန်းသူများ၏ လက်နက်ကြီးကျရောက်မှုကြောင့် ယဉ်ကျေးမှုပြတိုက် ပျက်စီးဆုံးရှုးရခဲ့ပြီး ယခုကဲ့သို တိုက်ပွဲဖြစ်ပွားနေမှုကြောင့် မြိုပျက်စီးသွားမည်ကို ဒေသခံများစိုးရိမ်လျက်ရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဒေသအတွင်း တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှု များကို တိုးမြှင့်ဆောင်ရွက်ရန် မဲခေါင်-လန်ချန်းအဖွဲ့ဝင် နိုင်ငံများအား နစက ဥက္ကဋ္ဌ တိုက်တွန်း
Next post အကယ်ဒမီ မေသဉ္ဇာဦးရဲ့သားကြီး ယာဉ်တိုက်မှုဖြင့် ကွယ်လွန်