စစ်ဆင်ရေးလျှော့ချရန် အစ္စရေးကို အမေရိကန် ကာကွယ်ရေး ဝန်ကြီး တိုက်တွန်း

ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခအတွင်း အရပ်သားတွေ ထိခိုက်သေကြေမှု ကန့်သတ်နိုင်ရေး အစ္စရေးခေါင်းဆောင်တွေကို တိုက်တွန်းဖို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin အဲဒီဒေသကို ထပ်မံသွားရောက်ခဲ့ကြောင်း သိရပါတယ်။

ကာကွယ်ရေးဝန်ကြီး Austin ဟာ တနင်္လာနေ့က တဲလ်အဗစ် မြို့မှာ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ၊ ကာကွယ်ရေးဝန်ကြီး Yoav Gallant တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ အစ္စရေးအနေနဲ့ ကိုယ့်ကိုယ်ကို ကာကွယ်ရေးအတွက် လိုအပ်တဲ့ လက်နက်ကိရိယာတွေ ဆက်လက်ရရှိလိမ့်မှာဖြစ်ပေမယ့် ဒီပဋိပက္ခရဲ့ အဆင့်သစ်ဆီ ကူးပြောင်းဖို့ လိုအပ်တယ်လို့ မစ္စတာ Austin က သူတို့ကို ပြောဆိုခဲ့ပါတယ်။

မစ္စတာ Gallant က ဒီတပ်ဖွဲ့တွေဟာ မြေပြင်အခြေအနေတွေ အပေါ်မူတည်ပြီး သူတို့ရဲ့ နည်းဗျူဟာတွေကို ပြောင်းလဲသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။ နိုင်ငံတကာ NGO တစ်ခုဖြစ်တဲ့ Human Rights Watch က အစ္စရေးကို စစ်ရာဇဝတ်မှုတွေနဲ့ စုံစမ်းစစ်ဆေးသင့်တယ်လို့ ပြောပါတယ်။ ဆေးရုံတွေဟာ အထူးပဲ အထိနာခဲ့ကြရတယ်လို့လည်း သူတို့က ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ခရစ္စမတ်လက်ဆောင်တွေပေးအပ်ခဲ့တဲ့ အာနိုးဆွာဇီနက်ဂါ
Next post ကံပိုင်တည်ကုန်သွယ်ရေးစခန်းတွင် ဒီဇင်ဘာလ လျာထားချက်၏ ၆၃ ဒသမ ၅၂၄ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီး