ခရစ္စမတ်လက်ဆောင်တွေပေးအပ်ခဲ့တဲ့ အာနိုးဆွာဇီနက်ဂါ


ဟောလိဝုဒ်မင်းသားကြီး အာနိုးဆွာဇီနက်ဂါ က လော့စ်အန်ဂျလစ်မြို့က Hollenbeck Youth Center မှာ ဘဝကံနည်းပါး သူတွေကို လက်ဆောင်တွေပေးအပ်နေတာကို တွေ့ရပါတယ်။ သူ့အနေနဲ့ မွေးရပ် ဩစတီးယား နိုင်ငံကနေ အမေရိကန်နိုင်ငံ ကို ရွှေ့ပြောင်းနေထိုင်သူအဖြစ် ရောက်လာခဲ့တုန်းက သူ့ရဲ့ ပထမဆုံးခရစ္စမတ်ကာလ လက်ဆောင်ရရှိခဲ့တာကနေပြီး အခြား လူတွေကိုလည်း လက်ဆောင်ပေးချင်ခဲ့တာ ဖြစ်ကြောင်း မင်းသားကြီးက ရှင်းပြပါတယ်။

အမေရိကကို စရောက်လာခါစက သူရောက်ရှိခဲ့တဲ့ အားကစားရုံက သူငယ်ချင်းတွေက အလွန်ပဲ ရက်ရောကြကြောင်း နဲ့ ခရစ္စမတ်ကာလဆိုရင် အလွန်ပဲပျော်ရွှင်ခဲ့ရတာကို အမှတ်ရနေကြောင်း အာနိုးက အင်စတာဂရမ်ပေါ်မှာ ရေးသားပါတယ်။

သူရရှိခဲ့တဲ့ ကြင်နာမှုကို ဘယ်တော့မှ မမေ့ပျောက်ခဲ့ကြောင်း နဲ့ နှစ်ပေါင်း ၃၀ လောက်ကြာခဲ့ပေမယ့်လည်း သူ့အနေနဲ့ တစ်ခုခုပြန်ပေးနေတာကို အလွန်ပဲကျေနပ်အားရပါကြောင်း လက်ဆောင်တွေရတဲ့ အချိန်မှာ ကလေးတွေ ပျော်သွားတာ မြင်တွေ့ရတာကို ကြည်နူးပီတိ ဖြစ်ရကြောင်း အသက် ၇၆ နှစ်အရွယ်မင်းသားကြီး က ဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post Mister Friendship International 2023 မှာ Title ဆု၄ ဆု ကိုရရှိခဲ့တဲ့ 5th Runner​ Up​ဆုရှင်​ ကောင်းစစ်
Next post စစ်ဆင်ရေးလျှော့ချရန် အစ္စရေးကို အမေရိကန် ကာကွယ်ရေး ဝန်ကြီး တိုက်တွန်း