ကံပိုင်တည်ကုန်သွယ်ရေးစခန်းတွင် ဒီဇင်ဘာလ လျာထားချက်၏ ၆၃ ဒသမ ၅၂၄ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီး

ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ဒီဇင်ဘာ (၁၇) ရက်အထိ ပို့ကုန် အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၁၄၁ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၁ ဒသမ ၇၉၆ သန်း စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၉၇၃ သန်း ရှိပြီဖြစ်၍ ကုန်သွယ်မှု လျာထားချက်၏ ၆၃ ဒသမ ၅၂၄ ရာခိုင်နှုန်း ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ယခုနှစ် ဒီဇင်ဘာလအတွက် ကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန် အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၀၀ သန်းနှင့် သွင်းကုန် အမေရိကန်ဒေါ်လာ ၂ ဒသမ ၅၀ သန်း ဖြင့် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၅၀၀ သန်း ဖြစ်သည်။

ဒီဇင်ဘာ (၁၇) ရက်အထိ ပို့ကုန်ပိုင်းတွင် တစ်သျှူးငှက်ပျော၊ ရော်ဘာစိမ်း၊ ဖရဲသီး၊ ရှောက်ကောပါကော၊ စကျင်ကျောက်၊ သခွါးမွှေးနှင့် ဆန်တို့ကို အဓိကပို့ကုန်အဖြစ် တင်ပို့ခဲ့သည်။ သံပြား၊ သံပိုက်၊ မြက်ခင်းတု၊ ပန်းသီး၊ လိမ္မော်သီး၊ ကြွေပြားနှင့် လူသုံးကုန်ပစ္စည်းများကို အများဆုံးတင်သွင်းခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post စစ်ဆင်ရေးလျှော့ချရန် အစ္စရေးကို အမေရိကန် ကာကွယ်ရေး ဝန်ကြီး တိုက်တွန်း
Next post “လူငယ်နှင့်စာပေအနုပညာပွဲတော်” ဖွင့်ပွဲအား တိုက်ရိုက် (LIVE) ထုတ်လွှင့်မည်