“မန္တလေး-ပြင်ဦးလွင်လမ်း၌ ဂေါ်ဒန်ကျောက်များတင်ဆောင်လာသော တွဲကားယာဉ်တစ်စီး ချောက်ထဲထိုးကျကာ အမျိုးသားတစ်ဦးသေဆုံး”

“မန္တလေး-ပြင်ဦးလွင်လမ်း၌ ဂေါ်ဒန်ကျောက်များတင်ဆောင်လာသော တွဲကားယာဉ်တစ်စီး ချောက်ထဲထိုးကျကာ အမျိုးသားတစ်ဦးသေဆုံး”

မန္တလေး- ပြင်ဦးလွင်လမ်း ၁၇/မိုင်အနီး၌ ယနေ့ (ဇူလိုင် ၃ ရက်) မနက် ၅ နာရီခွဲအချိန်ခန့်တွင် ဂေါ်ဒန်ကျောက်များတင်ဆောင်လာသော တွဲကားယာဉ်တစ်စီး အရှိန်လွန်ကာ လမ်းဟောင်းဖြစ်သော အိုးတလုံးအဆင်းလမ်းဘက်၊ ရေချောင်းကူးတံတားဘေးရှိချောက်ထဲသို ထိုးကျသွားခဲ့ကြောင်း စေတနာမွန် လူမှုကူညီရေးအသင်း (အုန်းချော) မှ သိရသည်။

ဖြစ်စဥ်အတွင်း ယာဉ်ပေါ်တွင်လိုက်ပါလာသော အမျိုးသားနှစ်ဦးအနက် တစ်ဦးမှာ ကားပေါ်မှ ခုန်ဆင်းကျန်ခဲ့ပြီး လက်ကျိုးဒဏ်ရာရရှိခဲ့ကာ ကျန်တစ်ဦးမှာ ယာဉ်နှင့်အတူ ပါရှိသွားခဲ့ရာမှ
သေဆုံးသွားခဲ့ရသည်ဟုဆိုသည်။

သေဆုံးရုပ်အလောင်းကို ဂေါ်ဒန်ကျောက်များဖြင့် ပိတ်မိနေသောကြောင့် ခက်ခဲစွာထုတ်ယူခဲ့ရကြောင်းနှင့် ဒဏ်ရာရရှိသော လူနာနှင့် သေဆုံးသူတိုကို မန္တလေး ပြည်သူ့ဆေးရုံကြီးသို စေတနာမွန် လူနာတင်ယာဉ်များဖြင့် ပိုဆောင်ပေးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဗြိတိန်၊ နေတိုးထိပ်သီးအစည်းအဝေးနှင့် ဖင်လန်နိုင်ငံသို့ ဘိုင်ဒင် သွားရောက်လည်ပတ်မည်
Next post ယခုအပတ် ဘရစ်အုပ်စု အစည်းအဝေး၌ အဖွဲ့ချဲ့ထွင်ရေးအကြောင်း အဓိက ဆွေးနွေးသွားမည်