ယခုအပတ် ဘရစ်အုပ်စု အစည်းအဝေး၌ အဖွဲ့ချဲ့ထွင်ရေးအကြောင်း အဓိက ဆွေးနွေးသွားမည်

ဘရစ် (BRICS) အုပ်စု၏ လက်ရှိဥက္ကဌ တာဝန်ယူထားသော တောင်အာဖရိကသည် ယခုအပတ်အတွင်း အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည့် အစည်းအဝေး၌ အဖွဲ့ချဲ့ထွင်ရေးကို အဓိက ဦးစားပေး ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဘရားဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိကတို့ဖြင့် ဖွဲ့စည်းထားသော ဘရစ်အုပ်စု၏ အစည်းအဝေးကို ဒါဘန်မြို့တွင် ဇူလိုင်လ ၄ ရက်မှ ၆ ရက်အထိ ကျင်းပမည်ဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးများနှင့် နိုင်ငံခေါင်းဆောင်များက အဖွဲ့တိုးချဲ့ရေး စာချုပ်ကို အပြီးသတ်နိုင်ရန်အဓိက ဆွေးနွေး ဆောင်ရွက်ရမည်ဖြစ်သည်။
အစည်းအဝေးအတွင်း အဖွဲ့ဝင်နိုင်ငံများသည် ဘရစ်အုပ်စု ချဲ့ထွင်ရေးအတွက် လမ်းညွှန်ချက်များ၊ လုပ်ငန်းစဉ်များနှင့် စံနှုန်းများအား ချမှတ်ရာတွင် ပူးပေါင်းဆောင်ရွက်သွားရမည် ဖြစ်သည်။
ယခုလက်ရှိတွင် နိုင်ငံပေါင်း ၁၉ နိုင်ငံသည် ဘရစ်ဖိုရမ်၌ အဖွဲ့ဝင်အပြည့်အဝ ဖြစ်လာရန် စိတ်ဝင်စားနေကြောင်း သိရသည်။ ထိုထဲမှ ၁၃ နိုင်ငံကမူ အဖွဲ့ထဲ ဝင်ရောက်ခွင့်ပေးရန်အတွက် တရားဝင် တောင်းဆိုထားပြီး ဖြစ်သည်။
ဒေါ်လာအပေါ် မှီခိုအားထားမှုအား လျော့ချရန် ကြိုးပမ်းနေသည့် ဘရစ်အုပ်စုသို့ ဆော်ဒီအာရေးဗျ၊ အာရပ်စော်ဘွားများ ပြည်‌ထောင်စု၊ အီဂျစ်နှင့် အာဂျင်တီးနား တို့အပါအဝင် နိုင်ငံပေါင်းများစွာက ဝင်ရောက်ရန် စိတ်ဝင်စားနေကြောင်း တောင်အာဖရိက နိုင်ငံခြားရေးဝန်ကြီး နလည်ဒီ ပန်ဒေါက ဝီယွန် သတင်းဌာနအား ပြောကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post “မန္တလေး-ပြင်ဦးလွင်လမ်း၌ ဂေါ်ဒန်ကျောက်များတင်ဆောင်လာသော တွဲကားယာဉ်တစ်စီး ချောက်ထဲထိုးကျကာ အမျိုးသားတစ်ဦးသေဆုံး”
Next post (၄-၇-၂၀၂၃) အနုပညာသတင်းအနှစ်ချုပ်