ဗြိတိန်၊ နေတိုးထိပ်သီးအစည်းအဝေးနှင့် ဖင်လန်နိုင်ငံသို့ ဘိုင်ဒင် သွားရောက်လည်ပတ်မည်

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် နေတိုးထိပ်သီး အစည်းအဝေး အပါအဝင် သုံးနိုင်ငံခရီးစဉ်အတွက် လာမည့်အပတ်အတွင်း ဥရောပသို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။
ဘိုင်ဒင်သည် ပထမဆုံး ခရီးစဉ်အနေဖြင့် ဗြိတိန်သို့ ဇူလိုင်လ ၉ ရက်နေ့တွင် စတင်ထွက်ခွာမည်ဖြစ်သည်။ ထို့နောက် ဖန်လန်နိုင်ငံ၏ မြို့တော် ဟယ်ဆင်စကီသို့ နော်ဒစ်ဒေသ၏ သမ္မတများနှင့် တွေ့ဆုံရန် မသွားရောက်မီ လစ်သူယေးနီးယားနိုင်ငံ၊ ဗဲလ်နီးယပ်စ်မြို့ရှိ နေတိုး ထိပ်သီးအစည်းအဝေးသို့ ဦးစွာ တက်ရောက်မည် ဖြစ်သည်။
ဗြိတိန်ခရီးစဉ်အတွင်း ဘိုင်ဒင်သည် ဝန်ကြီးချုပ် ရီရှီ ဆူနက်ခ်အပြင် ချားလ်စ်ဘုရင်နှင့်လည်း တွေ့ဆုံသွားမည်ဟု သိရသည်။ နေတိုး ထိပ်သီးအစည်းအဝေး တွင်မူ ဘိုင်ဒင်သည် ဆွီဒင်နှင့် ယူကရိန်းတို့ မဟာမိတ်အဖွဲ့ထဲ ဝင်ရောက်နိုင်ရေးအတွက် အာရုံစိုက်မည်ဖြစ်သည်။
အထူးသဖြင့် ရုရှားကို တန်ပြန်ထိုးစစ်ရန် ပြင်နေသော ယူကရိန်းသည် နေတိုးအား ၎င်းတို့ ကတိပေးထားသည့်အတိုင်း အဖွဲ့ထဲ ဝင်ရောက်ရေးအတွက် ဖိတ်ကြားရန် အသည်းအသန် တောင်းဆိုလာသည်။ ဇလန်းစကီးက မော်စကိုနှင့် စစ်ပြီးသည်နှင့် နေတိုးအဖွဲ့ထဲ ဝင်ရောက်နိုင်မည့် ဖိတ်ကြားချက်ကို ဗဲလ်နီးယပ်စ် အစည်းအဝေးအတွင်း ပြတ်ပြတ်သားသား လက်ခံရယူလိုကြောင်း ပြီးခဲ့သည့်အပတ် စနေနေ့က ပြောလာခဲ့သည်။
Source:CNA

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မြေသယံဇာတ၊ရေသယံဇာတ အခြေခံကောင်းများရှိပြီးဖြစ်သည့် မြန်မာနိုင်ငံအတွက်ထုတ်လုပ်မှုနည်းပါးခြင်းမှာမဖြစ်သင့်ဟု နစက ဥက္ကဋ္ဌဆို
Next post “မန္တလေး-ပြင်ဦးလွင်လမ်း၌ ဂေါ်ဒန်ကျောက်များတင်ဆောင်လာသော တွဲကားယာဉ်တစ်စီး ချောက်ထဲထိုးကျကာ အမျိုးသားတစ်ဦးသေဆုံး”