ဝါရင့်သရုပ်ဆောင်နဲ့ဒါရိုက်တာကြီး မောင်မောင်မြင့် ရဲ့ နောက်ဆုံးခရီးပုံရိပ်များ

ကွယ်လွန်သွားခဲ့တဲ့ ပရိသတ်အချစ်တော် မင်းသားချော ပြေငြိမ်း ရဲ့ ဖခင်လည်း ဖြစ် ၊ နိုင်ငံကျော်ဝါရင့်အနုပညာရှင်ကြီးတစ်ဦးလည်း ဖြစ်တဲ့ သရုပ်ဆောင်နဲ့ ဒါရိုက်တာကြီး ဦးမောင်မောင်မြင့်ဟာ မေလ ၇ ရက် မနက် ၁၀ နာရီက ကွယ်လွန်အနိစ္စရောက်ခဲ့ပါတယ်။

ဒီနေ့ မေလ ၉ ရက် သောကြာနေ့မှာတော့ ကြွင်းကျန်ရစ်သော ရုပ်ကလပ်ကို ရန်ကုန်မြို့ ရေဝေးသုဿာန်သို့ပို့ဆောင် င်္သဂြိုဟ် ခဲ့တာ ဖြစ်ပါတယ် ။ အဆိုပါ နာရေးသို့ မိသားစုဝင်များ၊ ဆွေမျိုးမိတ်သင်္ဂဟများနဲ့ ရုပ်ရှင်လောကသားများက လိုက်ပါပို့ဆောင်နှုတ်ဆက်ဂါရဝပြုခဲ့တဲ့ မြင်ကွင်းတွေကို ဖော်ပြပေးလိုက်ရပါတယ်။

သရုပ်ဆောင် ဦးမောင်မောင်မြင့်ဟာ ကွယ်လွန်ချိန်မှာ အသက် (၉၃)နှစ်ရှိပြီဖြစ်ပြီး ကောင်းရာသုဂတိရောက်ရှိပါစေကြောင်း DBN မှ ဝမ်းနည်းစွာဖြင့် ဆုတောင်း မေတ္တာပို့သအပ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post နစကဥက္ကဋ္ဌသည် ကာဇက်စတန်နိုင်ငံသမ္မတနှင့် တွေ့ဆုံပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်သွားမည်ဟု ပြောကြား
Next post (၉-၅-၂၀၂၅) ရက်နေ့ ပြည်တွင်းရွှေစျေး၊ ငွေလဲလှယ်နှုန်းနှင့်စက်သုံးဆီဈေးနှုန်းများ