
ငလျင်ဒဏ်သင့် ဟိုပုံးမြို့သို့ နစက ဥက္ကဋ္ဌရောက်ရှိ
မန္တလေးငလျင်ကြီးဒဏ်သင့် ရှမ်းပြည််နယ်(တောင်ပိုင်း)၊ ဟိုပုံးမြို့သို့ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဧပြီ ၁၀ ရက်ကသွားရောက်၍ ပျက်စီးခဲ့ရသည့်အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ဟိုပုံးမြို့ကျက်သရေဆောင် သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီးအား ဖူးမြော် ကြည်ညိုပြီးနောက် ဟိုပုံးမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဟိုခိုကျောင်းဆရာတော်ကိုလည်း ဖူးမြော်ကြည်ညိုခဲ့သည်။



ထိုသို့ ဟိုခိုကျောင်းဆရာတော်အား ဖူးမြှော်ကြည်ညိုရာ ဘုရားကြီးပရိဝုဏ်အတွင်းရှိ ဘုရားစေတီများထိခိုက်ပျက်စီးခဲ့မှုအားပြန်လည်ပြင်ဆင်ရာတွင် မူလပုံစံမပျက်စေဘဲ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် စနစ်တကျကျွမ်းကျင်ပညာရှင်များနှင့်မွန်းမံပြုပြင်သွားမည်ဟု ရှင်းလင်းလျှောက်ထားခဲ့သည်။ ထို့နောက် နစက ဥက္ကဋ္ဌက ဆရာတော်ကြီးများထံမှဩဝါဒနာယူပြီး လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်း၍ ဘုရားကြီးဘက်စုံပြုပြင်မွမ်းမံရန် အလှူတော်ငွေများကိုပေးအပ်လှူဒါန်းခဲ့သည်။
More Stories
ငလျင်ဒဏ် ထိခဲ့သည့်ကျောက်ဆည်မြို့၌ ပြန်လည် ထူထောင်ရေးများလုပ်နေ
မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် မန္တလေးတိုင်း၊ ကျောက်ဆည်မြို့၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နေမှုများကို နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဧပြီ ၁၅ ရက် နံနက်ပိုင်းက သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။ နစကဥက္ကဋ္ဌ သည် ငလျင်ဒဏ်သင့်ခဲ့သည့် ကျောက်ဆည်မြို့ ပြည်သူ့ဆေးရုံကြီး၊...
အာဆီယံဥက္ကဋ္ဌ နှင့် နစက ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ထိုင်းနိုင်ငံတွင် တွေ့ဆုံမည်
အာဆီယံ ဥက္ကဋ္ဌ တာဝန်ယူထားသော မလေးရှားနိုင်ငံ ဝန်ကြီးချုပ်သည် ယခုသီတင်းပတ်အတွင်းတွင် ထိုင်းနိုင်ငံ၌ နစက ဥက္ကဌ ၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံကာ မြန်မာနိုင်ငံ၌ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကြိုးပမ်း ဆောင်ရွက်မှုများနှင့်ပတ်သက်၍ ဆွေးနွေးမည်ဖြစ်သည်။ ဆေးဝါးအကူအညီများ...
အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ဒေသစာရီကြွချီပူဇော်ခံပွဲမတိုင်မီ ဖောင်တော်ဦးဘုရားပြုပြင်ရေးများ ပြီးအောင်လုပ်မည်
မန္တလေးငလျင်ကြီးဒဏ်ကြောင့်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် အင်းလေးဖောင်တော်ဦးဘုရား၏ ပြုပြင်ရေးလုပ်ငန်းများအား နှစ်စဥ်ကျင်းပနေကြဖြစ်သည့် အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားဒေသ စာရီကြွချီပူဇော်ခံပွဲမတိုင်မီပြီးစီးအောင်ဆောင်ရွက်ရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာကြားသည်။ ဧပြီ ၁၁ ရက်က နစက ဥက္ကဋ္ဌသည် အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားမှ သာသနိကအဆောက်အဦများထိခိုက်ပျက်စီးခဲ့ရမှုများကိုကြည့်ရှုစစ်ဆေးစဥ် တာဝန်ရှိသူများကို မှာကြားခဲ့ခြင်းဖြစ်သည်။ပင်မစံ...
တောင်ကြီးမြို့ရှိ ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးအား ရတနာစိန်ဖူးတော် တင်လှူပူဇော်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ရှိ ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင်မဟာမင်္ဂလာ အခမ်းအနားအား ဧပြီ ၁၁ ရက်နံနက်ပိုင်းက ဆင်ယင်ကျင်းပခဲ့သည်။ အခမ်းအနားသို့ နိုင်ငံတော်ဩဝါဒါစရိယ၊ ညောင်ရွှေမြို့နယ်၊ ပထမမိုင်းသောက်ပရိယတ္တိ စာသင်တိုက် ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ...
အမေရိကန်မှ ရွေ့လျားဆေးရုံ နေပြည်တော်တွင်ဖွင့်၊ မကြာမီ အထူးကြပ်မတ်ဆောင် ၁ ဆောင်နှင့် ခွဲစိတ်ခန်း ၂ ခန်းကို ထပ်မံဖွင့်လှစ်မည်
နေပြည်တော်၊ ဇမ္ဗူသီရိမြိုနယ်၊ ရွှေကြာပင်ရပ်ကွက်ရှိ မြိုနယ်အားကစားကွင်း၌ မန္တလေးငလျင်ကြီးဒဏ်သင့်သူများအတွက် ယာယီဖွင့်လှစ်ကုသပေးလျက်ရှိသည့် အမေရိကန်အခြေစိုက် Samaritan’s Purse Internation Relief Organization ၏ရွေ့လျားဆေးရုံကို နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဧပြီ ၉ ရက်...
နေပြည်တော် ရှိ ငလျင်ဒဏ်သင့် MICC1 နှင့် ရန်အောင်မြင်ဆည် သို့ နစကဥက္ကဋ္ဌ သွားရောက်ကြည့်ရှု
နစက ဥက္ကဋ္ဌသည် မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးမှုအနည်းငယ်ဖြစ်ပေါ်ခဲ့သည့် MICC-1 ပင်မအဆောက်အအုံအဝင်မျက်နှာကြက်ထိခိုက်ပျက်စီးမှုများ၊ ကျောက်စိမ်းခန်းမ၊ ပတ္တမြားခန်းမ၊ မြခန်းမတို့၏ မျက်နှာကြက်ပျက်စီးမှုများနှင့် အစည်းအဝေးခန်းမများ၊ နံရံများအနည်းငယ်ကွဲအက်နေမှုနှင့် ပျက်စီးမှုအချို့အားကြည့်ရှု စစ်ဆေးခဲ့သည်။ ဒက္ခိဏသီရိမြို့နယ်ရှိ ရန်အောင်မြင်ဆည်တွင် ငလျင်ဒဏ်ကြောင့် ကုန်း ချောတမံအက်ကွဲကြောင်းများအား ယာယီပြုပြင်ထားရှိမှု၊...