အမေရိကန်မှ ရွေ့လျားဆေးရုံ နေပြည်တော်တွင်ဖွင့်၊ မကြာမီ အထူးကြပ်မတ်ဆောင် ၁ ဆောင်နှင့် ခွဲစိတ်ခန်း ၂ ခန်းကို ထပ်မံဖွင့်လှစ်မည်

နေပြည်တော်၊ ဇမ္ဗူသီရိမြိုနယ်၊ ရွှေကြာပင်ရပ်ကွက်ရှိ မြိုနယ်အားကစားကွင်း၌ မန္တလေးငလျင်ကြီးဒဏ်သင့်သူများအတွက် ယာယီဖွင့်လှစ်ကုသပေးလျက်ရှိသည့် အမေရိကန်အခြေစိုက် Samaritan’s Purse Internation Relief Organization ၏ရွေ့လျားဆေးရုံကို နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဧပြီ ၉ ရက် မွန်းလွဲပိုင်းကသွားရောက်ကြည့်ရှုခဲ့ပါတယ်။

နစက ဥက္ကဋ္ဌမှဆေးကုသမှုခံယူနေသည့် လူနာများကိုအားပေး ပြီး အမေရိကန်ဆေးကုသရေးအဖွဲအနေဖြင့် လာရောက်ကူမှုအတွက် အမေရိကန်နိုင်ငံအစိုးရနှင့် အမေရိကန်ပြည်သူလူထုအားကျေးဇူး တင်သည်ဟုပြောကြားခဲ့ရာအမေရိကန်ဆေးကုသရေးအဖွဲတာဝန်ခံမှလည်း ယခုလိုလာရောက် ၍ ကူညီရေးလုပ်ငန်းများလုပ်ရာ တွင် မြန်မာနိုင်ငံအစိုးရအနေဖြင့် အုပ်ချုပ်ထောက်ပံ့မှုဆိုင်ရာများကို အဆင်ပြေစွာဆောင်ရွက်ပေးသဖြင့် မိမိတိုအနေဖြင့်လူနာများကုသရာတွင် ပိုမိုအဆင်ပြေ၍ ကျေးဇူးတင်သည်ဟု ပြန်လည်ပြောကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post နေပြည်တော် ရှိ ငလျင်ဒဏ်သင့် MICC1 နှင့် ရန်အောင်မြင်ဆည် သို့ နစကဥက္ကဋ္ဌ သွားရောက်ကြည့်ရှု
Next post (၁၀-၄-၂၀၂၅) ရက်နေ့ ပြည်တွင်းရွှေစျေး၊ ငွေလဲလှယ်နှုန်းနှင့်စက်ဆီဈေးနှုန်းများ