
Squid game နှင့် Train to Busan မင်းသမီးကြီး လီချိုရှေး ကွယ်လွန်
Squid game နှင့် Train to Busan မှမင်းသမီးကြီး လီချိုရှေးသည် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ကွယ်လွန်သွားပြီ ဖြစ်ကြောင်း ၎င်း၏အေဂျင်စီ 1230 culture ကအတည်ပြုပြောကြားခဲ့သည်။
မင်းသမီးကြီးသည် ကွယ်လွန်ချိန်၌ အသက် ၈၁ နှစ်အရွယ်ရှိပြီဖြစ်ကာ ၎င်း၌ ၁၉၉၃ ခုနှစ်တွင် ရင်သားကင်ဆာ အဆင့် (၃) ကိုစစ်ဆေးတွေ့ရှိခဲ့ပြီး ကွယ်လွန်ချိန်တွင် အစာအိမ်ကင်ဆာကိုပါခံစားနေရသည်ဟုလည်းသိရသည်။ “လွန်ခဲ့တဲ့ သုံးလ လောက်ကတည်းက မင်းသမီးရဲ့ ကျန်းမာရေးအခြေအနေက ဆိုးရွားကျဆင်းသွားပြီး ဆေးရုံမှာ စစ်ဆေးမှုခံယူ ပြီးနောက် အစာအိမ်ကင်ဆာ ဖြစ်နေကြောင်းတွေ့ရှိခဲ့ရပါတယ်” ဟုလည်း သူကဆိုသည်။
မစ္စလီ ကို ၁၉၄၄ ခုနှစ်တွင်မွေးဖွားခဲ့သည်။ သူ သည် စတိတ်ရှိုး၊ ရုပ်ရှင်၊ရုပ်မြင်သံကြားနှင့် ကိုရီးယားဒရာမာများတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး အနုပညာလောကတွင် ဆယ်စုနှစ်ငါးခုကျော်ကြာရပ်တည်လုပ်ကိုင်ခဲ့သူတစ်ဦးလည်းဖြစ်သည်။
More Stories
ငါးကြိမ်မြောက် ငလျင်ဘေးသင့်အလှူအဖြစ် ကျပ် သိန်း ၁၀၀၀ နဲ့အတူ စားသောက်စရာတွေကို ကိုယ်တိုင်သွားလှူရင်း အားပေးစကားတွေပြောခဲ့တဲ့ ဖြူဖြူထွေး
သဘာဝဘေးအန္တရာယ်တွေ ကြုံတိုင်းမှာ နိုင်တဲ့အင်အားနဲ့ အမြဲတမ်းလှူဒါန်းမှုတွေလုပ်ဆောင်ပေးနေတဲ့ သရုပ်ဆောင်ဖြူဖြူထွေးကတော့ ငါးကြိမ်မြောက် ငလျင်ဘေးသင့်အလှူအဖြစ် ကျပ်သိန်း ၁၀၀၀ နဲ့အတူ စားသောက်စရာတွေကို ကိုယ်တိုင်သွားလှူရင်း အားပေးစကားတွေပြောဆိုခဲ့ပါတယ်။ “ခုလှူဒါန်းတာကတော့ ငါးကြိမ်မြောက်သွားလှူတာပါ။ ငွေသားပဲ သိန်း ၁၀၀၀ ပါ။ လူအရောက်အပေါက်...
သင်္ကြန်အငွေ့အသက်တွေနဲ့ ရယ်မောပျော်ရွှင်စွာ ကြည့်ရှုရမယ့် “ရေစိုနေသော နှလုံးသားသင်္ကြန်” ဇာတ်လမ်းတွဲ ယနေ့ ShowLike Application က အခမဲ့ပြသနေ
သင်္ကြန်အငွေ့အသက်တွေနဲ့ ရယ်မောပျော်ရွှင်စွာ ကြည့်ရှုရမယ့် “ရေစိုနေသော နှလုံးသားသင်္ကြန်” ဇာတ် လမ်းတွဲ ယနေ့ ဧပြီ ၁၂ ရက်မှာ ShowLike Application မှာ အခမဲ့ပြသနေတာလည်းဖြစ်ပါတယ်။b“ကျွန်တော်တို့အနေနဲ့ ဒီဇာတ်ကားမှာ ငွေကြေးပြည်စုံတဲ့ သူတစ်ယောက်ပုံစံနဲ့ပေါ့။ ဒါ့ပြင် မိဘကျေးဇူး...
Robert Pattinson တစ်ယောက် Christopher Nolan ရဲ့ The Odyssey ဇာတ်ကားမှာ ဂရိဘုရားအဖြစ် သရုပ်ဆောင်မယ်လို့ သတင်းများထွက်ပေါ်
Robert Pattinson ကတော့ Christopher Nolan ရဲ့ The Odyssey ဇာတ်ကားမှာ ဟာမီးစ် (Hermes) အဖြစ် သရုပ်ဆောင်ဖို့ သတင်းတွေထွက်ပေါ်နေပြီး၊ Nolan ရဲ့ ထုံးစံအတိုင်း အချိန်ကို ပုံဖော်မယ့် ဒဏ္ဍာရီဆန်ဆန်...
မြန်မာပြည် ခေတ္တပြန်လာပြီး သာသနာ့ဘောင် ဝင်ရောက်ခဲ့တဲ့ စိုးမြတ်နန္ဒာ
ပရိသတ်ချစ်ခင်စွာ အားပေးခံခဲ့ရတဲ့ သရုပ်ဆောင် မင်းသမီး စိုးမြတ်နန္ဒာကတော့ ဧပြီလ ၉ ရက်နေ့က မြန်မာပြည် ခေတ္တပြန်လာပြီး သာသနာ့ဘောင်ကို ဝင်ရောက်ခဲ့ပါတယ်။ သူမကတော့ အမေရိကန်နိုင်ငံကနေ ခေတ္တပြန်လာပြီးတော့ မိဘဆွေမျိုးအသိုင်းအဝိုင်းတွေရှေ့မှာ ဆံချပြီးတော့ မြန်မာပြည်မှာ သာသနာဘောင်ဝင်ခဲ့တာလည်းဖြစ်ပါတယ်။ မင်းသမီး...
ငလျင်ဘေးသင့်ပြည်သူတွေအတွက် ငွေကျပ်သိန်း ၃၀၀ လှူဒါန်းခဲ့တဲ့အပြင် သိန်း ၁၅၀၀ ဖိုး ဆေးဝါးပစ္စည်း၊ အရေးပေါ် Mobile Toilets သိန်း ၆၀၀ ကျော်ဖိုးနဲ့ စားစရာတွေထပ်မံလှူဒါန်းခဲ့တဲ့ ပိုင်တံခွန်
ပြည်တွင်း ပြည်ပကအစ ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင် ပိုင်တံခွန်ကတော့ ငလျင်ဘေးသင့်ပြည်သူတွေအတွက် ငွေကျပ်သိန်း ၃၀၀ လှူဒါန်းခဲ့တဲ့အပြင် သိန်း ၁၅၀၀ ဖိုးဆေးဝါးပစ္စည်းနဲ့ အရေးပေါ် Mobile Toilets တွေကို သိန်း ၆၀၀ ကျော်ဖိုးအပြင်...
SAISAI LIVE in YANGON ရပ်ဆိုင်း ကြိုတင်လက်မှတ် များအတွက် refund ပြန်လည်ထုတ်ယူနိုင်ဟု စိုင်းစိုင်းဆို
ဧပြီလ ၁၀ရက် မွေးနေ့ရောက်တိုင်း ကျင်းပနေကြ သူ့ရဲ့ဖျော်ဖြေပွဲကို ယခုနှစ်မှာတော့ ငလျင်ဘေးကြောင့်ပြန်လည်ထူထောင်ရေးလုပ်နေရတဲ့ ဒေသများအတွက် စိုင်းစိုင်းခမ်းလှိုင်က သူ့ရဲ့ဖျော်ဖြေပွဲကို ရပ်နားလိုက်ပါတယ်။ "April 10 ရက် ကျနော့်မွေးနေ့မှာကျင်းပမယ့် SAISAI LIVE in YANGON ကို...