ပါရမီလမ်းပေါ်ရှိ AD မီးပွိုင့်အနီးတွင် အိမ်စီးကားယာဥ်ငယ် နှစ်စီးတိုက်မိရာမှ လူသုံးဦး ဒဏ်ရာရ

၁၂. ၆. ၂၀၂၃

Written by Hey Mar

ရန်ကုန်တိုင်းဒေသကြီး ၊ မရမ်းကုန်း‌မြို့နယ်နှင့် လှိုင်မြို့နယ်အစပ် ပါရမီလမ်းပေါ်ရှိ AD မီးပွိုင့်အနီးတွင် ဇွန်လ ၁၁ ရက် ညပိုင်းက အိမ်စီးကား ၂ စီးတိုက်မိခဲ့ကြောင်း တိုက်မိခဲ့၍ ဒဏ်ရာရရှိမှုဖြစ်စဥ်များ ဖြစ်ပွားခဲ့ကြကြောင်း မာဃရိပ်ငြိမ် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက MT News သို့ ပြောခဲ့သည်။

ဖြစ်စဥ်မှာ ယမန်နေ့ည ၁၀ နာရီ ၄၅ မိနစ်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၊ Parado နှင့် Salon Q ယာဥ်အမျိုးအစား နှစ်စီးမှာ တစ်စီးက ကွေ့ကြောနှင့် တစ်စီးက တည့်ဖြတ်လာသည့် အချိန်တွင် တိုက်မိခြင်းဖြစ်ကြောင်း၊ ယာဥ်တိုက်မှုကြောင့် Salon Q ယာဥ်ပေါ်တွင် ပါသည့် အမျိုးသားနှင့် အမျိုးသမီးမှာ ဒဏ်ရာများ ပို၍ရရှိခဲ့ကြောင်း သိရှိရသည်။

“ကျွန်တော်တို့ရောက်တဲ့အချိန် ဆလွန်းပေါ်က ယာဥ်မောင်းအမျိုးသားက သတိမရတော့ဘူး ၊ ဒဏ်ရာမများပေမယ့် ညပ်နေတဲ့ အနေအထားမို့ အထိအခိုက်မရှိအောင် အတော်လေးသတိထားထုတ်ယူလိုက်ရတယ်၊ အမျိုးသမီးက သတိကောင်းကောင်းရတယ်၊ ပရာဒိုပေါ်က အမျိုးသားကတော့ ဘာမှ အထွေအထူး မဖြစ်သွားပါဘူး ´´ဟု မာဃရိပ်ငြိမ် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက ပြောသည်။

ဖြစ်စဥ်မှ ထိခိုက်ဒဏ်ရာရရှိထားသည့် သူများအား မာဃရိပ်ငြိမ် လူမှုကူညီရေးအသင်း၊ မေတ္တာသီတာရေစင် လူမှုကူညီရေးအသင်းမှ သူနာတင်ယာဥ်များဖြင့် ရန်ကုန်ဆေးရုံကြီး အရေးပေါ်ကုသဌာနသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – မာဃရိပ်ငြိမ်လူမှုကူညီရေးအသင်း

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ဖီဖာ နိုင်ငံတကာခြေစမ်းပွဲ သွားရောက်ယှဉ်ပြိုင်ကစားမည့် မြန်မာ့လက်ရွေးစင်အသင်း
Next post အာဆီယံမသန်စွမ်းသူများအားကစားပြိုင်ပွဲမှ မြန်မာမသန်စွမ်းအားကစားအဖွဲ ပြန်လည် ရောက်ရှိလာ၊ ဆုတံဆိပ်ပေါင်း ၅၆ ခုရရှိခဲ့