တောင်ကြီးမြိုအတွင်း ရေကြီးရေလျှံမှုနှင့်မြေပြိုမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ် ညှိနှိင်းပေး

ရှမ်းပြည်နယ်၊ တောင်ကြီးမြိုနယ်အတွင်း စက်တင်ဘာ ၁၀ ရက်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားရာနေရာများနှင့် မြေပြိုမှုများ၊ နေအိမ်ပျက်စီးမှု ဖြစ်ပွားရာ နေရာများသို ယမန်နေ့ နံနက်က ရှမ်းပြည်နယ် အစိုးရအဖွဲဝင်၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်သည် တာဝန် ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိင်းပေးခဲ့ကြောင်း သိရသည်။

ထိုသို ကွင်းဆင်းရာတွင် ဝါးပြားလမ်းဆုံရှိ ဂနိုင်ရေကန်အတွင်း ရေများဝင်ရောက်မှုနှင့် ရေလွှပေါက်မှ ရေထွက်မှု၊ ပြည်နယ်အလုပ်အကိုင်နှင့်အလုပ်သမားရှာဖွေရေးရုံးဝင်းအတွင်း ရေများ ဝင်ရောက်မှုနှင့် အုတ်တံတိုင်း ပေ(၃၀)ခန့် ပြိုကျပျက်စီးမှု၊ အနောက်မြိုပတ်လမ်းရှိ လမ်းမကြီး ရေတိုက်စား၍ ပျက်စီးမှုများ၊ ရွှေဘုန်းပွင့်ဘုရားအတက်လမ်းရှိ မြေပြိုမှုနှင့် မြေကာနံရံ(၁၀၀)ပေခန့် ပျက်စီးမှု၊ မြစိမ်းတောင်စေတီအဆင်းလမ်း မြေပြိုမှုများ၊ ဘုရားဖြူရပ်ကွက်အတွင်းရှိ ပါမိုးနဲရေကန် အတွင်းရေများဝင်ရောက်မှုနှင့် ရေလွှပေါက်မှရေထွက်မှုများ၊ ရေထွက်ဦးကန်အနီးရှိ ကားလမ်းမပေါ် ရေကျော်မှုတိုကို ကြည့်ရှုစစ်ဆေးကာ စည်ပင်သာယာရေးဦးစီးဌာနမှ ရေနှုတ်မြောင်းအတွင်းရှိ ပိတ်ဆိုနေသည့် အမှိက်များနှင့် ရွှများဆယ်ယူနေမှုများအား စနစ်တကျ ဖြစ်စေရေး ပေါင်းစပ်ညှိနှိင်း ပေးခဲ့သည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးသည် မင်္ဂလာဦးရပ်ကွက်ရှိ အမှတ်(၅)တိုက်ပွဲဝင်စည်းရုံးရေး သင်တန်းကျောင်းအနီး ကားလမ်းမနှင့် မီးရထားသံလမ်း ရေကျော်မှုများ၊ ကျောင်းကြီးစုရပ်ကွက် အတွင်းရှိ မြေပြို၍ နေအိမ်ပျက်စီးဆုံးရှုးမှုနှင့် သုဿာန်သွားလမ်း မြေပြိုမှုများအား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး သက်ဆိုင်ရာဌာနဆိုင်ရာများအား ဆောင်ရွက်ရမည့် လုပ်ငန်းများအလိုက် ပေါင်းစပ်ညှိနှိင်းပေးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post နေပြည်တော်အပါအဝင် နိုင်ငံတစ်ဝန်းလုံးရှိ ရေကြီး နစ်မြုပ်မှုများကြောင့် အသက်ဆုံးရှုံးရသူ ၃၃ ဦးရှိကြောင်း နစက ထုတ်ပြန်
Next post (၁၅-၉-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်