(၁၅-၉-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၁၅-၉-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ ရေကြီးရေလျှံမှုအတွက် ပြည်ပနိုင်ငံများမှ ကူညီမှုများရရှိအောင် ချိတ်ဆက်ရန် နှင့် ရေဘေးသင့်များအား အမြန်ဆုံးထောက်ပံ့ရန် နစကဥက္ကဋ္ဌပြော

၂။ ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီး ထွန်းအောင် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ(၂၁)ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များ အစည်းအဝေးတက်ရောက်ရန်ပြည်ပထွက်ခွာ

၃။ သံအမတ်ကြီး ဦးမျိုးမြင့်မောင် နီပေါနိုင်ငံ သမ္မတထံ သံအမတ်ခန့်အပ်လွှာပေးအပ်

၄။ နိုင်ငံခြားငွေဈေးကွက်အတွင်းသို ဒေါ်လာ ၂၃၀,၀၀၀၊ တရုတ်ယွမ် ၁ ဒသမ ၅ သန်းကျော်နှင့် ထိုင်းဘတ် တစ်သန်းခန့် ဗဟိုဘဏ် ထပ်မံထုတ်ရောင်း

၅။ မြန်မာနိုင်ငံတွင်မတည်မငြိမ်ဖြစ်မှု၊ စစ်ပွဲဖြစ်ပွားနေမှုကို ဆန့်ကျင်ကြောင်း တရုတ်သံရုံးထုတ်ပြန်လာ

၆။ ပြည်သူ့ စည်းစိမ်၊ ဥစ္စာ၊ ရွှေ၊ ငွေ၊ လက်ဝတ်ရတနာခိုးဝှက်သည့် AA လက်နက်ကိုင်များကို အရေးယူထားပြီး ထပ်မခိုးရန် AA သတိပေး

၇။ မုံရွာမြိုတွင် စသုံးလုံးမှဟု အယောင်ဆောင်ကာ အကြမ်းဖက်သမား(၃)ဦးက အမျိုး သမီးတစ်ဦးကို လက်နက်ပြခြိမ်းခြောက်ခေါ်ဆောင်

၈။ စက်တင်ဘာလ ၁၄ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၅,၁၁၇,၅၁၄ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၃၀၅၀ ကျပ်၊ Octane 95 – ၃၁၉၅ ကျပ်၊ Diesel – ၂၆၁၀ ကျပ်၊ Premium Diesel – ၃၂၇၅ ကျပ်

နိုင်ငံတကာသတင်းများ

၁။ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်ဝန်ကြီးချုပ်က ဆန္ဒပြဆရာဝန်များထံ မမျှော်လင့်ဘဲ ရောက်ရှိလာပြီး လုပ်ငန်းခွင်ပြန်ဝင်ရန်တိုက်တွန်း

၂။ အီဂျစ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို မထောက်ထားပဲ စစ်ဘက်ဆိုင်ရာ အကူ အညီ ဒေါ်လာ ၁.၃ ဘီလျံပေးရန် အိမ်ဖြူတော် စီစဉ်

၃။ ယူကရိန်းနှင့်ဂါဇာပဋိပက္ခ ညှိနှိင်းဆွေးနွေးရန် တရုတ်ကာကွယ်ရေးဝန်ကြီးတောင်းဆို

၄။ ရုရှားလုံခြုံရေးအကြီးအကဲ ကင်မ်ဂျုံအမ်းနှင့်တွေ့ဆုံ

၅။ စင်္ကာပူအမျိုးသားနဲ့ဗီယက်နမ်အမျိုးသမီးကို အတုအယောင်လက်ထပ်ဖို စီစဉ်သူအမျိုးသမီး ထောင်ဒဏ် ၉ လ ချမှတ်ခံရ

၆။ ထိုင်ဝမ်ရေလက်ကြားမှ ဂျာမနီရေတပ်သင်္ဘောများ ဖြတ်သန်းမှုကို တရုတ် ပြစ်တင်ရှုတ်ချ

အားကစားသတင်းများ

၁။ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံလှေလှော်၊ ဘောလုံး၊ ပိုက်ကျော်ခြင်းနှင့် ဝူရှူးအဖွဲချုပ်များအား ကန်ဒေါ်လာ (၇၀၃၀)စီ လှူဒါန်း

၂။ ရေဘေးအတွက် ကူညီမည့် ထွန်းထွန်းမင်း၏ ချန်ပီယံခါးပတ် ကျပ်သိန်း (၅၀၀)ကြမ်းခင်း ဈေးသတ်မှတ် အများဆုံးပေးနိုင်သူကို ပေးအပ်သွားမည်ဟုဆို

၃။ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်(၁၀) ပထမနေ့မှာတော့ လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက် အသင်း နဲ့ ရတနာပုံအသင်းတိုနိုင်ပွဲ ကိုယ်စီနဲ့ အမှတ်ပြည့်ယူနိုင်ခဲ့

၄။ ပေါ်တူဂီအသင်းတိုက်စစ်မှူးဖြစ်သူ ခရစ္စတီယာနို ရော်နယ်ဒို ဟာ ဖော်လိုဝါ စုစုပေါင်း သန်း ၆၀ ပြည့်မြောက်

၅။ အမေရိကန်ဂေါက်သီးကစားသမား ၁၅ ကြိမ်မေဂျာဖလားဆုရှင် တိုက်ဂါးဝုဒ် ဟာ ၎င်းရဲ့နောက်ကျောဒဏ်ရာကို အောင်မြင်စွာခွဲစိတ်ကုသနိုင်

အနုပညာသတင်းများ

၁။ ရေဘေးပြန်လည်ထူထောင်ရေးအတွက် သိန်း၁၀၀ ကျပ်လှူဒါန်းပေးခဲ့တဲ့သူချစ်ခင်အဖွဲသားများ

၂။ အကယ်ဒမီ နေတိုး၊ နော်ဖော်အယ်ထားတိုနှစ်ဦးက တပ်ကုန်းရေဘေးအထိ သွားရောက်လှူဒါန်းမည်

၃။ “မယ်ချို” အဖွဲသားတွေက ရေဘေးသင့်ဒေသတွေအတွက် ကျပ် ၁၂၈ သိန်းကျော်တန်ဖိုးရှိ အဝတ်အထည် အစားအသောက်တွေကို မခိုင်နှင်းဝေဆီ သွားရောက်လှူဒါန်း

Leave a Reply

Your email address will not be published. Required fields are marked *

Previous post တောင်ကြီးမြိုအတွင်း ရေကြီးရေလျှံမှုနှင့်မြေပြိုမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ် ညှိနှိင်းပေး
Next post (၁၅-၉-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ