ကျေးလက်သဘာဝ ရယ်မောစရာ ဇာတ်လမ်းပုံစံ “ရှယ်ပဲ” ဇာတ်လမ်းတွဲ မိတ်ဆက်

ကျေးလက်သဘာဝ ရယ်မောစရာဇာတ်လမ်းပုံစံ “ရှယ်ပဲ” ဇာတ်လမ်းတွဲ မိတ်ဆက်ပွဲကို ယနေ့ ဩဂုတ် ၂၆ ရက် ညနေ ‌၄ နာရီခွဲက ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်၊ကန်သာယာရှိ Rangoon Cineplex မှာ ကျင်းပခဲ့ပါတယ်။

” မေမီက ဒီကားမှာ နာမည်ရင်းက ပိုးပိုးကနေ ပဲပဲဆိုတဲ့အမည်တွင်သွားတဲ့ ကာရိုက်တာနဲ့ ပါဝင်ထားတာပါ။ ဒီကားလေးက ဟာသကားလေးမှာ မေမီနဲ့ကိုထွန်းထွန်းက ရန်ဘက်တွေပေါ့။ တစ်ယောက်ကိုတစ်ယောက် အနိုင်လိုစိတ်များတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တစ်ယောက်ကို တစ်ယောက် နိုင်ရမှကျေနပ်တာ‌မျိုးပေါ့။ ပရိသတ်တွေ သဘောကျကြမှာပါ။ ရယ်စရာတွေလည်း ကောင်းပါတယ်။ ဟာသသရုပ်ဆောင်တွေ အင်အားများများသုံးထားတဲ့ ဇာတ်လေးပါ”လို့ သရုပ်ဆောင် မေမီကိုကိုကပြောပါတယ်။

အဆိုပါ ဇာတ်ကားကို ဇာတ်လမ်းနဲ့ဒါရိုက်တာပြည်ဟိန်းသီဟက ပုပ္ပါးမြို့နယ်ရှိ မျောက်တောရွာရဲ့ ကျေးလက်သဘာဝတွေနဲ့ ရိုက်ကူးပုံဖော်ထားတာလည်းဖြစ်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ အကယ်ဒမီ ထွန်းထွန်း၊ မေမီကိုကို၊ အကယ်ဒမီ စိုးမိုးကြည်၊ ဂျိုကာ၊ ပန်းသီး၊ ရွှေအိုး၊ စိစိ၊ စံလင်း၊ ယုဇနဝင်းနိုင်၊ ပြုံးချို စတဲ့ အနုပညာရှင်တွေ ပါဝင်ထားကြပါတယ်။

“ရှယ်ပဲ” ဇာတ်လမ်းတွဲကို လာမယ့် ဩဂုတ် ၃၁ ရက် စနေနဲ့ တနင်္ဂနွေနေ့မှာ အပတ်စဉ် HEY Play Application ၊HEY Play YouTube Channel နဲ့ Channel 7 ရုပ်သံလိုင်းမှာ စတင်ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ပြည်ထောင်စုနယ်မြေအဆင့်မှ ရပ်/ကျေးအဆင့်အထိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ ခန့်အပ်တာဝန် ပေးနိုင်ရေး ဆောင်ရွက်နေပြီဟု UEC ဖြေကြား
Next post (၂၇-၈-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်