အသက် ၃၀ လို့ပြောပေမယ့် မယုံတဲ့သူတွေအတွက် အထောက်အထားတစ်ခုနဲ့ ဖြေရှင်းလိုက်တဲ့ ဝါဆိုမိုးဦး

ဝါဆိုမိုးဦးက အနုပညာလောကထဲမှာ မြင်တွေ့ရတာကြာနေပြီ ဖြစ်တာကြောင့် အသက်ကြီးကြီးမင်းသမီးတစ်ယောက် လို့တောင် ထင်နေကြတဲ့သူတွေ ရှိပါတယ်။ ဒါ့အပြင် ခုနောက်ပိုင်းမှာ မျက်နှာကို ပြုပြင်ပြောင်းလဲမှုတွေကြောင့် အရမ်းကို အိုစာသွားတယ်လို့ ဝေဖန်ပြောဆိုတဲ့သူတွေလည်း ရှိပါတယ်။ ဝါဆိုမိုးဦးကို အသက် ၃၀ ကျော်ဆိုတာကို ဘယ်သူကမှ မယုံကြည်ကြဘဲ အသက် ၄၀ နားကပ်နေတဲ့ အမျိုးသမီးတစ်ယောက်လို့ ထင်နေခဲ့ကြတာပါ။ ခုလို ထင်လာရတဲ့ အကြောင်းအရင်းကလည်းဒွေးတို့ ဦးကျော်ဟိန်းတို့ခေတ်ကတည်းက မြင်တွေ့ခဲ့ရတာတွေကြောင့်လည်း ပါဝင်ပါတယ်။

တကယ်တမ်းမှာတော့ ဝါဆိုမိုးဦးက ကလေးသရုပ်ဆောင်တစ်ယောက်အနေနဲ့ အနုပညာလောကကို ဝင်ရောက်လာခဲ့တာပါ။ အသက် ၉ နှစ်ကတည်းက ကလေးသရုပ်ဆောင်တစ်ယောက်အနေနဲ့ ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်နေခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်ဒွေး၊ ဦးကျော်ဟိန်းတို့လို မင်းသားကြီးတွေရဲ့ခေတ်ကိုတောင် မှီခဲ့တဲ့မင်းသမီး တစ်ယောက် ဖြစ်ခဲ့ပါတယ်။ ဝါဆိုမိုးဦးက နေတိုးမင်းသားစလုပ်တဲ့အချိန်မှာ ကလေးသရုပ်ဆောင်အနေနဲ့ စလုပ်နေခဲ့ပါပြီ။ နေတိုး မင်းသားအဖြစ် ပထမဆုံး သရုပ်ဆောင်တဲ့ဇာတ်ကားမှာ ဝါဆိုမိုးဦးက ကလေးသရုပ်ဆောင်အဖြစ် ပါဝင်ခွင့်ရခဲ့ပါတယ်။

နေတိုးနဲ့ ဝါဆိုမိုးဦးတို့က အသက်အရွယ်အရမ်းကွာပေမယ့်လည်း အနုပညာသက်တမ်းတူတူလို့ ပြောလို့ရပါတယ်။ အသက် ၉ နှစ်နဲ့ အနုပညာလောကကို ဝင်လာပြီး ၁၅ နှစ်အရွယ်လောက်မှာ ဝါဆိုမိုးဦးက ဒုတိယမင်းသမီးအနေနဲ့ ဇာတ်ကားတွေ ရိုက်လို့ရတဲ့ ခန္ဓာကိုယ်ဖြစ်နေခဲ့ပါတယ်။ ဝါဆိုမိုးဦးက ခန္ဓာကိုယ်အရမ်းထွားတာ ဖြစ်သလို သရုပ်ဆောင်အလုပ်ကိုလည်း အရမ်းကို ဝါသနာပါပါတယ်။ ဒါကြောင့်လည်း ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ဖို့အတွက် လူကြီးတစ်ယောက်လို ရင့်အောင် အမျိုးမျိုး ပြင်ဆင်ခဲ့ရတာပါ။

အသက် ၁၈ နှစ်တောင် မပြည့်သေးတဲ့အချိန်မှာ ဝါဆိုမိုးဦးက ဆံပင်တွေမြင့်မြင့်စည်းကာ နှစ်ဆယ်ကပ်နေတဲ့ ချာတိတ်လေးလို့ ဝတ်ဆင်ခဲ့ပါတယ်။ အဒေါ်တွေကလည်း အပြည့်အဝထောက်ပံ့ပေးတာကြောင့် အသက်ကြီးတဲ့ပုံစံ အရွယ်ရောက်တဲ့ပုံစံဖြစ်သွားခဲ့ပါတယ်။ ပြေတီဦး၊ ဝတ်မှုံရွှေရည်တို့နဲ့အတူတူ ရိုက်ထားတဲ့ဗီဒီယိုဇာတ်ကားမှာ ဝါဆိုမိုးဦးရဲ့ အသက်က ၁၅ နှစ်သာ ရှိခဲ့တာပါ။ ဒါပေမယ့်လည်း အားလုံးကတော့ အရွယ်ရောက်နေတဲ့ မင်းသမီးတစ်ယောက်လို့ ထင်နေခဲ့ကြတာ ဖြစ်ပါတယ်။

အနုပညာသက်တမ်း ၂၁ နှစ်ကျော်လောက်ရှိနေပြီဖြစ်တဲ့ ဝါဆိုမိုးဦးကို အသက်လည်း အရမ်းကြီးနေပြီလို့ ဆိုကာ စွပ်စွဲ ပြောဆိုတာတွေ ရှိပါတယ်။ ဝါဆိုမိုးဦးက 1994 ဇူလိုင် ၂၇ ရက်နေ့မှာမွေးဖွားတာ ဖြစ်တာကြောင့် လက်ရှိမှာ အသက် ၃၀ သာရှိသေးတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ သူ့ကို အသက်အရမ်းကြီးနေပြီလို ပြောဆိုနေတဲ့သူတွေကို အသက် ၃၀ သာ ရှိသေးကြောင်း ရှင်းပြလာခဲ့တာဖြစ်ပါတယ်။ မဖြစ်နိုင်ဘူးလို့ ပြောဆိုဝေဖန်နေကြတဲ့သူတွေကိုလည်း ဝါဆိုမိုးဦးက သူ့အသက်နဲ့ပတ်သတ်ပြီး လိမ်ထားခြင်းမရှိကြောင်းကို ပြောပြလာခဲ့ပါတယ်။

နေတိုးက ဝါဆိုမိုးဦးနဲ့တွေ့တိုင်း ကလေးသရုပ်ဆောင်တုန်းက ဇာတ်ကားအတူတူ ရိုက်တဲ့အကြောင်းကို အမြဲတမ်း စနောက်နေတတ်ကြောင်းကိုလည်း ပြောပြလာခဲ့ပါတယ်။ မယုံတဲ့သူတွေအနေနဲ့ ကလေးသရုပ်ဆောင်အနေနဲ့ ရိုက်ခဲ့တဲ့ကားတွေရဲ့ ခုနှစ်နဲ့ အသက်ကို တိုက်နိုင်ကြောင်း ဝါဆိုမိုးဦးက အကြံပေးထားပါတယ်။

နေတိုးနဲ့တောင် ကလေးသရုပ်ဆောင်အဖြစ် သရုပ်ဆောင်ခဲ့ရတာမို့ အသက်မကြီးသေးကြောင်း ရှင်းပြနေရတဲ့ ဝါဆိုမိုးဦးက တကယ်ရော အသက် ၃၀ ဖြစ်နိုင်လားဆိုတာ ပရိသတ်ကြီးရဲ့အမြင်ကိုလည်း comment မှာ ပြောပြခဲ့ပါဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post နိုင်ငံကို မူလအခြေအနေအတိုင်း ပြန်လည်ရောက်ရှိရန် လုပ်ဆောင်သင့်သည်ကို လုပ်ဆောင်သွားမည်ဟု နစက ဥက္ကဋ္ဌ ပြော
Next post (၂၆-၈-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ