ဂျတ်စ်တင်ဘီဘာ၏ဇနီး သားဦးလေးမွေးဖွား

ကမ္ဘာကျော်တေးသံရှင် ဂျတ်စ်တင်ဘီဘာသည် ယနေ့ ဩဂုတ်လ ၂၄ ရက်နေ့၌ ၎င်း၏ဇနီးက သားဦးလေးကို အောင်မြင်စွာ မွေးဖွားပေးခဲ့ကြောင်း ပရိသတ်များကိုအသိပေး ပြောကြားခဲ့သည်။ ၎င်း၏ဆိုရှယ်မီဒီယာပို့စ်၌ ကလေးငယ်၏ ခြေဖဝါးပုံလေး အား ဓါတ်ပုံရိုက်ပြထားပြီး “Welcome Home” ဟူသောစာတမ်းကို ရေးသားထားသည်။

ဂျတ်စ်တင်က သားဖြစ်သူကို “Jack Blues Bieber” ဟု အမည်ပေးထားကြောင်းပါ တစ်လက်စတည်း အသိပေးကြေငြာခဲ့ သည်။ ဘီဘာမောင်နှံသည် မေလ ၉ ရက်နေ့က ပထမဆုံးရင်သွေးလေးကို လွယ်ထားရပြီဖြစ်ကြောင်း တရားဝင်ကြေငြာခဲ့ ကြပြီး ၎င်းတို့နှစ်ဦးသည် ၂၀၁၈ ခုနှစ်ကတည်းက လက်ထပ်ခဲ့ကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် Ocean Center အတွင်း ရေများဝင်ရောက်
Next post (၂၅-၈-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်