နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် Ocean Center အတွင်း ရေများဝင်ရောက်

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဩဂုတ်လ (၂၄)ရက်နေ့ နံနက် (၇)နာရီ အချိန်ခန့်က Ocean Center အတွင်း ရေများဝင်ရောက်နေကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရပါသည်။

ထို့ကြောင့် ဥတ္တရသီရိခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၂)စီး၊ မီးသတ်စက်ကလေး(၁)လုံး၊ သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များ၊ ပုဗ္ဗသီရိနယ်မြေမီးသတ်စခန်းမှ မီးသတ်စက်ကလေး(၁)လုံး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရေစုပ်ထုတ်ခြင်း၊ သန့်ရှင်းပေးခြင်း၊ လူနေအိမ်များအတွင်းရှိ ရွှံ့နုန်းများ ရှင်းလင်းရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post တိုက်ပွဲများကြောင့် ဆိုင်းငံ့ခဲ့ရသော မြင်းခြံမြို့ လျှပ်စစ်ဓာတ် အားပေးစက်ရုံကို ပြန်လည်လုပ်ကိုင်သွားမည်ဟု စင်ကာပူ အခြေစိုက် ကုမ္ပဏီပြော
Next post ဂျတ်စ်တင်ဘီဘာ၏ဇနီး သားဦးလေးမွေးဖွား