ရှယ်အော်လံရုပ်ရှင်ဇာတ်ကားကြီး အောင်မြင်မှု အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲ ကျင်းပ

“ရှယ်အော်လံ” ရုပ်ရှင်ဇာတ်ကားကြီး အောင်မြင်မှုအတွက် ဂုဏ်ပြုညစာစားပွဲကို ဩဂုတ် ၂၂ ရက် ညပိုင်းက ရန်ကုန်မြို့ရှိ Malibu Kandawgyi မှာ ကျင်းပခဲ့ရာ ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားကြတဲ့ သရုပ်ဆောင်များနှင့် စက်အဖွဲ့သားများ အားလုံးတက်ရောက်ခဲ့ကြပါတယ်။

အဆိုပါအခမ်းအနားမှာ The Ray Film Production ထုတ်လုပ်ရေးဘက်က အမှတ်တရအနေနဲ့ လက်ဆောင်တွေ ပေးအပ်ခဲ့ ပြီးတော့ တေးသီချင်းတွေနဲ့ သီဆိုဖျော်ကာ ပျော်ရွှင်စွာကျင်းခဲ့တာလည်း ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ ဇာတ်လမ်း ဇာတ်ညွှန်း သက်ဦးမောင်က ရေးသားထားပြီး ဒါရိုက်တာ အကယ်ဒမီ ကိုဇော်(အရုဏ်ဦး)က သရုပ်ဆောင် တွေဖြစ်တဲ့ တိုင်ရွန်၊ အကယ်ဒမီနေဝင်း၊ အကယ်ဒမီစိုးမြတ်သူဇာ၊ ခြူးလေး၊ နော်ဖောအယ်ထား၊ ခင်လှိုင်၊ အကယ်ဒမီ မိုးဒီ၊ စုရှိုင်း၊ အကယ်ဒမီ ဝါဝါအောင်၊ နေလင်း၊ ငှက်ပျောကြော်၊ စူပါလင်း၊ သွက်လက်၊ဇော်ကြီး၊ ကျော်ကြီး စတဲ့သူတွေနဲ့ ပါဝင်ရိုက်ကူးထားတာပါ။

“ရှယ်အော်လံ” ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်က မြန်မာတစ်နိုင်ငံလုံးရှိ အဆင်မြင့် ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသခဲ့တာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မူးယစ်သောက်စားပြီး မောင်းတဲ့ စုံတွဲကြောင့် ကားတိုက်ခံပြီး နှစ်ဦးသေဆုံးခဲ့သော ကားမှတ်တိုင်ကို အန္တရာယ်ကင်းပရိတ် တရားနာ
Next post (၂၃-၈-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ