မူးယစ်သောက်စားပြီး မောင်းတဲ့ စုံတွဲကြောင့် ကားတိုက်ခံပြီး နှစ်ဦးသေဆုံးခဲ့သော ကားမှတ်တိုင်ကို အန္တရာယ်ကင်းပရိတ် တရားနာ

နိုက်ကလပ်ကနေပြန်လာတဲ့ လူငယ်စုံတွဲ မောင်းနှင်တဲ့ကားက ကားမှတ်တိုင်မှာ ဘတ်စ်ကားစောင့်နေသူတွေဆီ ဝင်တိုးလို့ လူနှစ်ဦး နေရာတင်သေဆုံးပြီး ငါးဦးဒဏ်ရာရခဲ့တဲ့ ဩဂုတ် ၁၃ ရက်နေ့ ဖြစ်စဉ်အပြီး ၉ ရက်အကြာ မနေ့က ဩဂုတ် ၂၂ ရက်‌ နေ့မှာ ကားမှတ်တိုင်နေရာကို နယ်မြေခံလူမှုကူညီ‌ရေးအသင်းက ပင့်သံဃာအရှင်သူမြတ်တွေနဲ့ ပရိတ်တရား ရွတ်ဖတ်နာ ကြားပေးခဲ့ကြပါတယ်။

အဆိုပါနေရာမှာ ဘာသာရေးအယူအဆအရ ‌ဆုံးပါးသွားသူတွေ ဘဝကူးကောင်းစေဖို့ ပင့်သံဃာတွေကို ကုသိုလ်ပြုအမျှ အတန်းပေးဝေတာကို ဖြစ်စဉ်မှာ မြေပြင်အကူအညီတာဝန်ယူခဲ့တဲ့ အလုံမြို့နယ်အခြေစိုက် ကြီးလေးကြီး လူမှူကူညီရေး အသင်းက ကမကထပြု ဆောင်ရွက်ခဲ့တာလည်း ဖြစ်ပါတယ်။

“ကျွန်တော်တို့ ပေါ်ပင်ဖြစ်အောင် လုပ်တာလည်း မဟုတ်သလို သေသူတွေ မကျွတ်မလွတ် ခြောက်လှန့်နေလို့လည်း မဟုတ် ပါဘူး။ သေဆုံးသူက သတင်းတွေမှာ ဖော်ပြနေသလို သုံးလေးဦး သေတာလည်း မဟုတ်ပါဘူး။ နှစ်ဦးပါ။ သေဆုံးသူ မိသားစု ဝင်ထဲက တစ်ဦးနဲ့ အဆက်အသွယ်ရလို့ ဗုဒ္ဓဘာသာ အယူအဆအရ သေသူတွေ ဘဝကူးကောင်းစေချင်လို့ လှူတန်းတာဖြစ် သလို ရှင်သူတွေလည်း စိတ်လက် သန့်သန့်ရှင်းရှင်းဖြစ်စေချင်တာကြောင့် ကောင်းမှုကုသိုလ် လုပ်ပေးတာပါပဲ “လို့ ပြောပါ တယ်။

အဆိုပါ ယာဥ်တိုက်မှုဖြစ်စဉ်က ဩဂုတ်လ ၁၃ ရက် နံနက် ၆ နာရီ ၃၃ မိနစ်အချိန် အလုံမြို့နယ်၊ ဆင်မင်းဈေးကား မှတ်တိုင်မှာ လိုင်းကားစောင့်နေသူ‌၊ ကျောင်းသား ကျောင်းသူအပါအဝင် ဝန်ထမ်းနဲ့ ပြည်သူတချို့ကို နိုက်ကလပ်ကနေ ပြန်လာတဲ့စုံတွဲ မောင်းနှင်လာတဲ့ အဖြူရောင်ယာဉ်က ဝင်တိုက်ခဲ့ရာက အသက် ၂၅ နှစ်အရွယ် အမျိုးသမီးနဲ့ အသက် ၅၄ နှစ်အရွယ် အမျိုးသမီးနှစ်ဦး နေရာတင်သေဆုံးပြီး ငါးဦး ဒဏ်ရာ အပြင်းအထန် ရရှိခဲ့တာပါ။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ” ပန်းပျိုးသည့်လက် ” ဇာတ်လမ်းတွဲ ကန်တော့ပွဲပေး အခမ်းအနား ကျင်းပ
Next post ရှယ်အော်လံရုပ်ရှင်ဇာတ်ကားကြီး အောင်မြင်မှု အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲ ကျင်းပ