မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး သံအမတ်ခန့်အပ်လွှာအား နစကဥက္ကဋ္ဌထံ ပေးအပ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန်သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး H.E. Ms. Ma Jia သည် ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ ၎င်း၏သံအမတ်ခန့်အပ်လွှာကိုပေးအပ်သည်။

မြန်မာ-တရုတ် နှစ်နိုင်ငံဆက်ဆံရေးအနေဖြင့် ရှည်လျားသည့် သမိုင်းကြောင်းများရှိမှုနှင့် အိမ်နီးချင်းကောင်း၊ မိတ်ဆွေ ဟောင်း၊ မိတ်ဆွေကောင်းနိုင်ငံများဖြစ်ပြီး ယခင်ကတည်းက ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေးမူကြီး(၅)ရပ် နှင့်အညီ အေးအတူပူအမျှအသိုက်အဝန်းကို အတူတကွတည်ဆောက်ထားသည့် နိုင်ငံများဖြစ်သည့် အခြေအနေများ၊ နှစ်နိုင်ငံအကြား အပြန်အလှန်ယုံကြည်မှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများ တိုးတက်စေရေးနက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်သွားမည့်အခြေ အနေများ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုအခြေအနေများ၊ နှစ်နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများ အောင်မြင်စွာအကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေးကိစ္စရပ်များ၊ ကာကွယ်ရေးနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်မှုများ မြင့်တင်ရေးကိစ္စရပ်များ၊ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက် နိုင်မည့် အခြေအနေများ၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ ပြန်လည်ဖွင့်လှစ် နိုင်ရေးကိစ္စရပ်များ၊ နှစ်နိုင်ငံ အကြား နယ်ပယ်စုံ၌ ပူးပေါင်းဆောင်ရွက်မှုများ ယခုထက်ပိုမိုတိုးတက်အောင် ဆက်လက် ဆောင်ရွက်သွားမည့် အခြေအနေများ၊ နိုင်ငံတကာမျက်နှာစာတွင် မြန်မာနိုင်ငံနှင့်ပတ်သက်၍ တရုတ်နိုင်ငံအနေဖြင့် ရပ်တည်ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများ၊မြန်မာနိုင်ငံ၏ရှေ့လုပ်ငန်းစဉ်(၅)ရပ်အပေါ် တရုတ်နိုင်ငံအနေဖြင့် ဆက်လက် ထောက်ခံရပ်တည် ပေးသွားမည့်အခြေအနေများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

အဆိုပါ သံအမတ်ခန့်အပ်လွှာပေးအပ်ပွဲသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန်းဆွေ နှင့် သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ထွန်းဦး တို့ တက်ရောက်ခဲ့ကြသည်။ တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးတို့သည် စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ ကြကြောင်း သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မိခင် ၏ နောက်ဆုံးခရီးအတွက် ဝမ်းနည်း ကြေကွဲနေရသည့် ” ကိုရန်လေး “
Next post (၂၂-၈-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်