(၂၂-၈-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၂၂-၈-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ ပြည်တွင်း ဆန်၊ စပါးဖူလုံမှု အပြည့်အဝရှိ၍ စိုးရိမ်ရန်မလိုကြောင်း ဆန်စပါးအသင်း ဥက္ကဋ္ဌ ပြော

၂။ တစ်ဒေါ်လာ ကျပ် ၃၄၀၀ ဝန်းကျင်ဖြင့် ဒေါ်လာ ၉၉ သန်းကျော် ဗဟိုဘဏ် ထုတ်ရောင်းပေးခဲ့ပြီးနောက် ဒေါ်လာဈေးနှုန်း ကျပ် ၆၀၀၀ အောက် ချက်ချင်းကျဆင်းလာ

၃။ မြန်မာများ ဦးဆောင်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထောက်ခံဟု ဝမ်ယိပြော

၄။ လာမည့် ရွေးကောက်ပွဲကို ဆောလျင်စွာ ကျင်းပနိုင်ဖွယ်ရှိကြောင်း ဒေါက်တာအေးမောင် ခန့်မှန်း

၅။ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ကို စက်တင်ဘာလ (၂၇) ရက်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်

၆။ တိုင်းနှင့် ပြည်နယ်အနှံ မိုးထစ်ချုန်းရွာနိုင်ပြီး ရွာရန်ရာနှုန်းပြည့်ဖြစ်ကြောင်း မိုး/ဇလ ထုတ်ပြန်

၇။ ဒရုန်းဗုံးကြဲဖို လုပ်နေရင်း ဗုံးက လက်ထဲမှာ ပေါက်ကွဲသွားတာကြောင့် PDF အများအပြားသေဆုံး

၈။ ဩဂုတ်လ ၂၁ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၄,၉၄၈,၈၇၆ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၉၉၀ ကျပ်၊ Octane 95 – ၃၁၄၀ ကျပ်၊ Diesel – ၂၆၂၀ ကျပ်၊ Premium Diesel – ၃၂၁၀ ကျပ်

နိုင်ငံတကာသတင်းများ

၁။ ယူကရိန်းက ရုရှား၏ကာ့ရှ်ဒေသ၌ နယ်မြေထိန်းချုပ်မှု ပိုများလာသည့်တိုင် ရုရှားနိုင်ငံက ယူကရိန်းနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုမှန်သမျှကို ပယ်ချ

၂။ မြောက်ကိုရီးယားကို တန်ပြန်ရန် တောင်ကိုရီးယားနှင့် အမေရိကန်က တိုက်လေယာဉ် အစင်း ၂၀၀ ကျော်ဖြင့် ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်မည်

၃။ ထိုင်ဝမ်ရေလက်ကြားကို စစ်သင်္ဘောမလွှတ်ဖို ဂျာမနီကို တရုတ်သတိပေး

၄။ ဖိလစ်ပိုင်သင်္ဘောတိုက်မှုနဲ့ပတ်သက်ပြီး အမေရိကန်က တရုတ်ကို သတိပေး၊ တရုတ်က ခပ်မာမာတုံပြန်

၅။ ပေထောင်တန်အစိုးရသစ်ဟာ ဆရက်ထာအစိုးရဆောင်ရွက်ခဲ့တဲ့စီမံကိန်းတွေကို ဆက်လက်ဆောင်ရွက်သွား မှာဖြစ်ကြောင်း ဖီယူထိုင်းပါတီပြော

၆။ မျောက် ကျောက်သည် ကိုဗစ်မျိုးကွဲအသစ်မဟုတ်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲပြော

အားကစားသတင်းများ

၁။ ရှုးပွဲမရှိ အုပ်စုဗိုလ်အဆင့်သို တက်ရောက်နိုင်ခဲ့ပြီဖြစ်သည့် မြန်မာ ယူ-၁၂ အသင်း

၂။ အာရှအမျိုးသမီး ချန်ပီယံလိဂ်ပြိုင်ပွဲအတွက် မြဝတီအမျိုးသမီးအသင်း ယူအေအီးနှင့် ဆော်ဒီ အသင်းတိုနှင့် ခြေစစ်ပွဲ ကစားမည်

၃။ MBC professional Boxing ပြိုင်ပွဲ အနိုင်ရရှိသူများကို WBC ၏ တရားဝင်ဆုတံဆိပ်များ ချီးမြှင့်

၄။ ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ကျင်းပမည်

၅။ မက်ဆီ ဒဏ်ရာကြောင့် ကမ္ဘာ့ဖလားခြေစစ်ပွဲ ၂ ပွဲ လွဲချော်မည်

အနုပညာသတင်းများ

၁။ အကယ်ဒမီများရှင်ရန်အောင်ရဲ့ မိခင် ဒေါ်သိန်းသိန်း၏ စျာပနအခမ်းအနား ယမန်နေ့က ကျင်းပ

၂။ ရန်အောင်ရဲ့ မိခင်အပေါ်မှာဆပ်နိုင်တဲ့ ကျေးဇူးအတွက်လည်း ကျေနပ်တယ်ဆိုတဲ့ ဒါရိုက်တာကြည်စိုးထွန်း

၃။ အလှူအတန်းတွေ ပိုလုပ်ချင်လို ရုပ်ရှင်ထုတ်လုပ်ရေးပိုင်းမှာ ရင်းနှီးမြှုပ်နှံခဲ့တာပါဆိုတဲ့ မာန်ဟိန်း

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး သံအမတ်ခန့်အပ်လွှာအား နစကဥက္ကဋ္ဌထံ ပေးအပ်
Next post ဒုတိယဝန်ကြီး ဦးလွင်ဦး ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ