မိခင် ၏ နောက်ဆုံးခရီးအတွက် ဝမ်းနည်း ကြေကွဲနေရသည့် ” ကိုရန်လေး “

အကယ်ဒမီများရှင် ရန်အောင် ၏ မိခင်ဖြစ်သူ ဘုရားကျောင်း၊သိမ်ဇရပ် ရဟန်းအမကြီး ဒေါ်သိန်းသိန်း အသက် (၉၃) နှစ် သည် ဩဂုတ်လ ၁၉ရက် ၊ နံနက် (၁၂) နာရီ (၄၃) မိနစ်တွင် ဘဝသစ်ကိုကူး ပြောင်းသွားခဲ့တာဖြစ်ပါသည်။ ဒေါ်သိန်းသိန်း အသက်(၉၃)နှစ်ရဲ့ နောက်ဆုံးခရီးကို ယနေ့ ဩဂုတ်လ ၂၁ ရက် နေ့လယ် ၂ နာရီက ရန်ကုန်မြို့ မြောက်ဥက္ကလာမြို့နယ်ရှိ ရေဝေးသုဿာန်မှာ သင်္ဂြိုဟ်ခဲ့ပါတယ်။

အဆိုပါနာရေးကိုတော့ အနုပညာအသိုင်းအဝိုင်းက ရုပ်ရှင်အစည်းအရုံးက ဥက္ကဋ္ဌ စည်သူဦးကြည်စိုးထွန်း၊ ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေး စတဲ့သူတွေအပြင် အကယ်ဒမီခန့်စည်သူ၊ အကယ်ဒမီရဲအောင်၊ အကယ်ဒမီ ဝေဠုကျော်၊ ခင်သန်းနွယ်၊ အကယ်ဒမီမြင့်မြတ်တို့ဇနီးမောင်နှံ၊ ထွန်းကိုကို၊ ရန်အောင်တူဖြစ်သူ ကောင်းဇံဟိန်း၊ ဘိုမ၊ မမဆောင်း စတဲ့သူတွေ တက်ရောက်ခဲ့ကြပါတယ်။

ယနေ့ ဩဂုတ်လ ၊၂၁ရက်တွင် မိခင်ကြီး၏ရုပ်ကလာပ်ကို ရေဝေးသုသာန်၌ မီးသဂြိုလ်ခဲ့လေရာ ကျန်ရစ်သူ ကိုရန်လေး နှင့်တကွ မိသားစုအပေါင်းတို့နှင့် ထပ်တူ ဝမ်းနည်းခံစားရသလို၊ နှစ်သိမ့်ပူဆွေးပေးခဲ့ကြသည့် အနုပညာရှင်များ ၏ ပုံရိပ်များကိုညိုးငယ်စွာဖြင့်ဖော်ပြပေးလိုက်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post တရုတ်နိုင်ငံအနေဖြင့် မြန်မာ့အရေး အထူးကိုယ်စားလှယ် Julie Bishop ၏ တာဝန်ထမ်းဆောင်မှုကို ထောက်ခံ အားပေးပြီး ပံ့ပိုးကူညီမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ ပြော
Next post မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး သံအမတ်ခန့်အပ်လွှာအား နစကဥက္ကဋ္ဌထံ ပေးအပ်