၃၂ နှစ်ပြည့် မွေးနေ့မှာ ကုတင်၅၀၀ဆေးရုံမှာ လူ ၂၅၀ စာ အာဟာရဒါနကုသိုလ် ပြုလုပ်ခဲ့သော ရွှေပိုးအိမ်

သရုပ်ဆောင် ရွှေပိုးအိမ်ကတော့ သူမရဲ့ အသက် ၃၂ ပြည့် မွေးနေ့လေးမှာ ရွှေပိုးအိမ်နှင့် We love fan များစုပေါင်း၍ ကုတင်၅၀၀ ဆေးရုံမှာ လူ ၂၅၀ စာ အာဟာရဒါနကို သူမချစ်ရသူတွေ အားလုံးကိုယ်စား လှူဒါန်းပေးခဲ့တာ ဖြစ်တယ်လို့ သိရှိရပါတယ်။

“ချစ်ရတဲ့ second family တွေနဲ့ အတူ မွေးနေ့လေးမှာ ဖြတ်သန်းခွင့်ရလို့ကျေးဇူးပါ…မွေးနေ့ဆုတောင်းပေးကြတဲ့ တစ်ယောက်ချင်းစီနဲ့Surprise တိုက်ပြီး လက်ဆောင်တွေ ပို့ပေးကြတဲ့ သူတွေကိုလဲ ချစ်ပါတယ်…လူ၂၅၀စာ Royal D လှူဒါန်းပေးပြီး ဝတ်စုံလှလှလေး ပြုလုပ်ပေး‌သော ဒီဇိုင်နာ ကိုအာကာဟိန်းကိုလည်း ကျေးဇူးပါလို့”ဆိုပြီး လူမှုကွန်ယက် ကနေ မျှဝေလာပါတယ်။ သရုပ်ဆောင် ရွှေပိုးအိမ်ရဲ့ အသက် ၃၂ နှစ်ပြည့် ကုတင် ၅၀၀ ဆေးရုံမှာ အာဟာရဒါန ပြုလုပ်နေသော ပုံရိပ်များကို ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post တက္ကသိုလ်ဝင်ခွင့်များ လျှောက်ထားနိုင်ကြောင်း ကြေညာ
Next post ကျောက်ဆည်မြိုနယ်တွင် ငွေကျပ် ၂၉၃၄ သိန်း တန်ဖိုးရှိ ဓာတုပစ္စည်းများ ဖမ်းဆီးရမိ