ြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဘဏ်များကအပ်ငွေများ အပေါ်ပေးသည့် အတိုးနှုန်းနှင့် ချေးငွေများအပေါ် ကောက်ခံနိုင်သည့် အတိုးနှုန်းများ ပြင်ဆင်သတ်မှတ်

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ငွေကြေးဖောင်းပွမှုနှုန်းအား အထိုက်အလျောက်လျော့ကျစေရန်၊ ပြည်သူများ အနေဖြင့် ဘဏ်အပ်နှံငွေပေါ်မှ အတိုးဝင်ငွေပိုမိုရရှိစေရန်၊ ဘဏ်များ၏ချေးငွေ ထုတ်ချေးနိုင်မှု ပိုမိုလာပြီး စီးပွားရေးတိုးတက်မှုအား အထောက်အကူပြုစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ဗဟိုဘဏ်အတိုးနှုန်း၊ ဘဏ်များက အပ်ငွေများအပေါ်ပေးသည့် အတိုးနှုန်းနှင့် ချေးငွေများအပေါ် ကောက်ခံနိုင်သည့်အတိုးနှုန်းများကို ဗဟိုဘဏ်က ပြင်ဆင်သတ်မှတ်လိုက်ပြီဖြစ်သည်။

ပြင်ဆင်သတ်မှတ်လိုက်သည့် အတိုးနှုန်းများမှာ ဗဟိုဘဏ်အတိုးနှုန်းအား လက်ရှိ ၇ ရာခိုင်နှုန်းမှ ၉ ရာခိုင်နှုန်းသို တိုးမြှင့် သတ်မှတ်သည်။ ဘဏ်များက အပ်ငွေများအပေါ်ပေးရမည့် အနည်းဆုံးအတိုးနှုန်းကို ၇ ရာခိုင်နှုန်း နှင့် ချေးငွေများအားလုံး အတွက် ကောက်ခံနိုင်သည့် အများဆုံးအတိုးနှုန်းကို ၁၅ ရာခိုင်နှုန်း သတ်မှတ်သည်။ ဘဏ်များအနေဖြင့် မိမိတို့၏ အမြတ် ရနိုင်စွမ်းနှင့် ဆုံးရှုးနိုင်ခြေစီမံခန့်ခွဲနိုင်မှုအရ အပ်ငွေ နှင့် ချေးငွေ အတိုးနှုန်းများအား ၇ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအတွင်း သတ်မှတ်ရန်ဖြစ်သည်။

နိုင်ငံတော်၏မူဝါဒအရ လက်ရှိထုတ်ချေးပေးလျက်ရှိသည့် အထူးချေးငွေများ၏ အတိုးနှုန်းများသည် ပြောင်းလဲမှု မရှိကြောင်း နှင့် ယခုအတိုးနှုန်းပြင်ဆင်ချက်သည် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှစ၍ အကျိုးသက်ရောက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဒီကနေ့ရက်စွဲဖြင့် အသိပေးချက် ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အချစ်နဲ့ပတ်သက်ပြီး လောဘကြီးသူမို့ ၁၀၀ ဖိုး ပေးတယ် ဆိုရင် ၁၀၀ ဖိုးပြန်ရမှ ကျေနပ်တယ်လို့ ရင်ဖွင့်လာတဲ့ ထူးအောင်
Next post မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားမည်