အချစ်နဲ့ပတ်သက်ပြီး လောဘကြီးသူမို့ ၁၀၀ ဖိုး ပေးတယ် ဆိုရင် ၁၀၀ ဖိုးပြန်ရမှ ကျေနပ်တယ်လို့ ရင်ဖွင့်လာတဲ့ ထူးအောင်

Body ခပ်မိုက်မိုက်ကြောင့် ပရိသတ်ချစ်ခင်မှုရရှိထားတဲ့ သရုပ်ဆောင် ထူးအောင်ကတော့ အချစ်နဲ့ပတ်သက်ပြီး လောဘကြီး သူမို့ ၁၀၀ ဖိုးပေးတယ်ဆိုရင် ၁၀၀ ဖိုးပြန်ရမှကျေနပ်တယ်လို့ ရင်ဖွင့်လာပါတယ်။

“တကယ်တမ်း စဥ်းစားကြည့်မယ်ဆိုရင် ကျွန်တော်တို့က အသက်၂၄၊ ၂၅နှစ်လောက်မှာ အချစ်ကို ဦးစားပေးရွေးချယ်ခဲ့တယ်။ အချစ်မှ အချစ်ပဲ။ မိုက်ရူးရဲဆန်ပြီးတော့ သွားနေမှာပဲ။ အခု အသက်အရွယ်တစ်ခု ရောက်တဲ့အချိန်မှာ အချစ်တွေ ခံစားမှုတွေ ထက်စာရင် မိသားစုအရေးတွေ ကိုယ့်မိဘကို ပြန်ကြည့်ရမယ်။ ဘာလို့လဲဆိုရင် ပခုံးကလည်း ပြောင်းလာတယ်။ ဒီတာဝန် တွေ ကျေပြွန်ပြီးတော့မှ ကိုယ့်ရဲ့ Personal စပြီး ခံစားရတာပေါ့။ ဘယ်သူမဆို ချစ်ချင်တာပေါ့။ ကောင်းကောင်းမွန်မွန်လေးနဲ့ ကိုယ့်ကိုစွဲစွဲမြဲမြဲချစ်သူကို ချစ်ချင်တာပေါ့။ ဒါပေမယ့် တစ်ခါတလေပေးတိုင်းပြန်မရတာလည်း ဒီအချစ်ပါပဲ။ ကျွန်တော်က လောဘကြီးတယ်။ ကိုယ်ပေးလိုက်တာ ၁၀၀ ဖိုး ပေးတယ်ဆို ၁၀၀ ဖိုးပြန်ရမှ ကျေနပ်တယ်။ ၁၀၀ ပြန်မရဘူးဆိုရင် ကိုယ်ပဲ ခံစားရတယ်။ ကိုယ်လေးလေးစားစား ဆက်ဆံပြီး သူ့ဘက်ကပြန်မဆက်ဆံဘူးဆိုရင် မရဘူး။ အရင်ကတော့ အချစ်ကို ရူးမိုက်ခဲ့တယ်” လို့ သရုပ်ဆောင် ထူးအောင်က ပြောပါတယ်။

သူဟာ ရည်မွန်အောင်ထုတ်လုပ်ရေးက ဒါရိုက်တာ သိုးဆောင်းရိုက်ကူးမယ့် “ပဝါပါးပါးသနပ်ခါး” ဇာတ်လမ်းတွဲမှာ ပိုင်စိုးစံ၊ အကယ်ဒမီမြင့်မြင့်ခိုင်၊ မေဂရေ့စ်၊ သံစဥ်မောင်၊ ပြည့်ကောင်းစုသန့်၊ မယ်တင်စတဲ့သူတွေနဲ့ အတူ ရိုက်ကူးသွားမှာဖြစ်ပါတယ်။

ထူးအောင်က လက်ရှိမှာ အနုပညာအလုပ်အပြင် တခြားအပြင် Gym Owner တစ်ယောက်အနေနဲ့ စီးပွားရေးကို တွဲဖက် လုပ်ကိုင်နေတယ်လို့ ဆိုပါတယ်။ ထူးအောင်ကတော့ လက်ရှိ အသက် ၃၁ နှစ်အရွယ်ရောက်လာပြီမို့ ရင့်ကျက်သင့်တဲ့ အရွယ် တစ်ခုကို ရောက်ခဲ့ပြီလို့ဆိုပါတယ်။

“ကျွန်တော့်အနေနဲ့ ချစ်ခဲဖူးပါတယ်။ ဒီတစ်ယောက်ကို ချစ်ပြီး ရူးရူးမိုက်မိုက်ချစ်တဲ့နေ့က ကိုယ်ကစပြီး ခွေးဖြစ်တာပဲ။ အဲလို တွေးလိုက်တာနဲ့ အဲ့ကောင်မလေးတွေကို ကိုယ့်ကိုစိမ်းကားသွားတယ်။ ပုန်ကန်ပြီးတော့ ဆရာမတွေ ပညာတွေပြတယ်။ ထားတော့။ နောက်တစ်ခုကို တွဲပြီး ပြန်စမယ်ပေါ့။ ဒီတစ်ယောက်တော့ မဖြစ်နိုင်လောက်ဘူး စိတ်နှစ်ပြီးချစ်မယ်ဆို ထပ်ဖြစ်ပြန်ရော။ နောက်ပိုင်းကြတော့ ကျွန်တော်တို့လို လူစားတွေက ကိုယ့်ရဲ့ အသည်းနှလုံးကျမကွဲဖို့ အတားအဆီးတွေ ထားလိုက်တော့တယ်။ ကျွန်တော်တို့က စည်းတစ်ခုထားလိုက်တယ်။ အချစ်ရေးမှာ ဆရာကြီးတော့ မဟုတ်ပါဘူး လက်ရှိမှာတော့ ကျောင်းသားပါပဲ။ အချစ်အတွက် မစဥ်းစားဘဲ ကိုယ့်ကို မှီခိုနေတဲ့မိသားစုအတွက်ပဲ စဥ်းစားတော့တယ်။ တချို့က ချစ်သူရှိနေတယ်ထင်နေကြတာ တကယ်တော့ ကျွန်တော်က နာမည်ကြီး ထမင်းငတ်ပါ။ ကိုယ် Play Boy ဖြစ်ချင်ပေမယ့် Play Ground ပဲ ဖြစ်နေတယ် ”လို့ သူက ဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၄-၈-၂၀၂၄) ရက်နေ့ ပြည်တွင်းရွှေစျေးနှင့် စက်သုံးဆီဈေးနှုန်းများ
Next post ြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဘဏ်များကအပ်ငွေများ အပေါ်ပေးသည့် အတိုးနှုန်းနှင့် ချေးငွေများအပေါ် ကောက်ခံနိုင်သည့် အတိုးနှုန်းများ ပြင်ဆင်သတ်မှတ်