“ကျွန်မက ဗီလိန်” ဇာတ်လမ်းတွဲ Press Conference Show ကျင်းပ

“ကျွန်မက ဗီလိန်” ဇာတ်လမ်းတွဲ 𝐏𝐫𝐞𝐬𝐬 𝐂𝐨𝐧𝐟𝐞𝐫𝐞𝐧𝐜𝐞 𝐒𝐡𝐨𝐰 အခမ်းအနားကို ဩဂုတ်လ(၁၂)ရက်၊ တနင်္လာနေ့ မနက်(၁၀)နာရီ အချိန် 𝐍𝐨𝐯𝐨𝐭𝐞𝐥 𝐇𝐨𝐭𝐞𝐥 ( 𝐏𝐚𝐭𝐡𝐞𝐢𝐧 𝐁𝐚𝐥𝐥𝐫𝐨𝐨𝐦)မှာ ခမ်းနားစွာကျင်းပခဲ့တာပဲဖြစ်ပါတယ်။

ဒီအခမ်းအနားမှာတော့ အမေများအဖွဲ့ကို Mahar Application က အလှူ‌ငွေများ ထည့်ဝင်လှူဒါန်းခဲ့ပါတယ်။ အောင်သီရိ ထုတ်လုပ်ရေးက အဆိုပါဇာတ်ကားကို ဇာတ်လမ်းလူညိုချော၊ ဘိုသန့်၊ ဇာတ်ညွှန်းပိုင်းကို ဘိုသန့်၊ ဇာဏ်၊ ဇာတ်ညွှန်းမွမ်းမံ Dr.ကျော်၊ ဒါရိုက်တာ ဘိုသန့်နဲ့ စီစဥ်ရိုက်ကူးပြီး အချစ်နဲ့အမုန်းတွေ အားပြိုင်ကြတဲ့ဇာတ်လမ်းကို ဖန်တီးထားတာလည်း ဖြစ်ပါတယ်။

သရုပ်ဆောင်တွေဖြစ်တဲ့ ရှိန်တင်ထူး၊ ရဲအောင်၊ ညီနန္ဒ၊ ကျော်ထက်၊ ရဲရင့်မောင်မောင်၊ ချောရတနာ၊ ခိုင်နှင်းဝေ၊ မိုးပြည့်ပြည့် မောင်၊ ယုသန္တာတင်၊ ဆုအိမ့်စံ၊ သီရိစိုး စတဲ့သူတွေ ပါဝင်ထားကြပါတယ်။ 𝐏𝐫𝐞𝐬𝐬 𝐂𝐨𝐧𝐟𝐞𝐫𝐞𝐧𝐜𝐞 𝐒𝐡𝐨𝐰 အခမ်းအနားကို တက်ရောက်ခဲ့ကြတဲ့ သရုပ်ဆောင်များရဲ့ ပုံရိပ်တွေကို တင်ဆက်ပေးလိုက်ရပါတယ်။

“လက်ရှိ သူတို့ရဲ့ အောင်မြင်နေတဲ့အချိန်မှာ ဒီအောင်မြင်မှုတွေ အားလုံးကို မေ့နေပြီး ဒီဇာတ်ရဲ့ နေရာတိုင်းမှာ သူ့နေရာနဲ့ သူ့ဇာတ်ကောင်အတိုင်း စီးမြောနိုင်အောင် ပါဝင်ထားကြပါတယ်။ ဇာတ်လမ်းက စိတ်ဝင်စားစရာဇာတ်လမ်းပုံစံ ဖန်တီးထား ပါတယ်”လို့ ဒါရိုက်တာဘိုသန့်က ပြောပါတယ်။

အပိုင်း(၂၆) ပိုင်း ပါဝင်တဲ့ “ကျွန်မက ဗီလိန်”ဇာတ်လမ်းတွဲသစ်ကြီးကို တစ်ပတ်မှာ ၇ ရက်လုံး ည ၇ နာရီတိုင်းမှာ Mahar Application က ထုတ်လွှင့်ပြသနေလျှက်ရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ရေးဘီလူး စစ်သွေးကြွအဖွဲ့မှ အဖွဲ့ဝင် (၂)ဦး ကင်းစောင့် တာဝန်ကျချိန် ထွက်ပြေး
Next post (၁၃-၈-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်