ရေးဘီလူး စစ်သွေးကြွအဖွဲ့မှ အဖွဲ့ဝင် (၂)ဦး ကင်းစောင့် တာဝန်ကျချိန် ထွက်ပြေး

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းတွင် လှုပ်ရှားလျက်ရှိသည့် ရေးဘီလူး စစ်သွေးကြွအဖွဲ့မှ အဖွဲ့ဝင် (၂)ဦးသည် ကင်းစောင့် တာဝန်ကျချိန်တွင် ထွက်ပြေးသွားကြောင်း သိရသည်။ ဩဂုတ်လ (၁၁)ရက် နံနက်ပိုင်းက စစ်သွေးကြွ ရေးဘီလူးအဖွဲ့မှ အဖွဲ့ဝင် (၂)ဦးသည် ကင်းစောင့် တာဝန်ကျချိန်တွင် ထွက်ပြေးသွားခြင်းဖြစ်ကြောင်း ရေးဘီးလူးအဖွဲ့က ထုတ်ပြန်ထားသည်။

အဆိုပါ ထွက်ပြေးသွားသူ (၂)ဦးသည် ရေးဘီလူး စစ်သွေးကြွ အဖွဲ့တွင် (၃)လကြာ နေထိုင်ခဲ့သူများ ဖြစ်ပြီး တွေ့ရှိပါက အကြောင်းကြားရန်နှင့် ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဖြစ်ကြောင်း စစ်သွေးကြွ ရေးဘီးလူးအဖွဲ့က ထုတ်ပြန် ထားသည်။

စစ်သွေးကြွ ရေးဘီလူးအဖွဲ့မှ ထွက်ပြေးသွားသူ (၂)ဦးအနက် (၁)ဦးသည် ကောလင်းမြို့နယ်၊ ဆင်းမကျေးရွာတွင် နေထိုင်သည့် အောင်မင်းပိုင် (ခ) ပိုင်ကြီးဖြစ်ပြီး နောက်ထပ် (၁)ဦးသည် မကွေးမြို့မှ ကိုစိုးဆိုသူ ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁၂-၈-၂၀၂၄) ရက်နေ့ ပြည်တွင်းရွှေစျေးနှင့် စက်သုံးဆီဈေးနှုန်းများ
Next post  “ကျွန်မက ဗီလိန်” ဇာတ်လမ်းတွဲ Press Conference Show ကျင်းပ