နိုင်ငံတကာ အလှမယ်ပြိုင်ပွဲတွေကို စေလွှတ်ယှဉ်ပြိုင် သွားမယ့် အလှမယ် သုံးဦးကို မိတ်ဆက်

မယ်စကြာဝဠာရဲ့ Miss Universe Myanmar Organization က နိုင်ငံတကာအလှမယ်ပြိုင်ပွဲတွေကို စေလွှတ်ယှဉ်ပြိုင် သွားမယ့် အလှမယ် သုံးဦးကို မိတ်ဆက်ပွဲကို ဩဂုတ် ၉ ရက် ညနေပိုင်းက ရန်ကုန်မြို့ Wyndham Grand Yangon Hotel မှာ ကျင်းပခဲ့ပါတယ်။

“MUM 2024 မှာ ကိုယ့်က Top 10 ထိပဲဝင်ခဲ့တာပါ။ ခုလို ညီမကို Face Of Beauty Myanmar 2024 ပြိုင်ပွဲကြီးကို နိုင်ငံကိုယ်စားပြုအနေနဲ့ စေလွှတ်တာမို့ အများကြီး တာဝန်ကြီးပါတယ်။ Body, Beauty, Brain စတာတွေ အစစအရာရာ ကြိုးစားနေပါတယ်။ တကယ်တော့ ကိုယ့်ကိုရွေးချယ်မယ်လို့ ထင်မထားပါဘူး။ ကိုယ့်ကို ရွေးချယ်တော့လည်း ဝမ်းသာ ပါတယ် သွားရောက်ချင်ပါတယ်။ ပထမဦးဆုံး ပြိုင်ပွဲအတွေ့အကြုံက စက်တင်ဘာ ၈ ရက်မှာ ထိုင်ဝမ်မှာ သွားပြိုင်ရမှာမို့ အများကြီး ကြိုးစားသွားပါမယ်”လို့ အလှမယ် ယဥ်မေနှင်းကပြောပါတယ်။

မြန်မာပြည်က နိုင်ငံကိုယ့်စားပြုအနေနဲ့ Miss Supranational Myanmar 2025 ပြိုင်ပွဲကြီးကိုတော့ အလှမယ် ချယ်ရီမိုး၊ Miss Earth Myanmar 2024 ပြိုင်ပွဲကြီးကိုတော့ အလှမယ် သော်တာစန်း၊ Face Of Beauty Myanmar 2024 ပြိုင်ပွဲကြီး ကိုတော့ အလှမယ်ယဥ်မေနှင်းတို့က သွားရောက်ယှဥ်ပြိုင်ကြရမှာဖြစ်ပါတယ်။

“မဒီးက ကိုယ့်အရမ်းချစ်ရတဲ့အမလည်းဖြစ်တယ်။ ဒီပြိုင်ပွဲအတွက် မဒီးကိုယ်တိုင် ညီမကို crown လွှဲပေးသူဖြစ်လို့ ဝမ်းသာမိပါတယ်၊ ကံကောင်းတဲ့သူလို့လည်း ထင်မိပါတယ်။ မဒီးလောက် ကြိုးစားအားထုတ်မှု ထည့်မှရမယ်လို့လည်း အကောင်းဆုံး တွေးထားတယ်။ မဒီးကလည်း အမိုက်စားပြိုင်ခဲ့တာဆိုတော့ မဒီးထက်မလျော့အောင် ကြိုးစားမှာပါ။ မဒီးကြောင့် အရမ်းလည်း Moti တွေရပါတယ်။ ကိုယ့်အလှအပအတွက် လိုအပ်တာတွေလည်း ခွဲစိတ်ရမယ်ဆိုလည်း မကြောက်ပါဘူး လိုအပ်တာတွေပြင်ဆင်သွားမှာပါ” လို့ အလှမယ် ချယ်ရီမိုးက ပြောပါတယ်။

ပြီးခဲ့တဲ့ Miss Universe Myanmar 2024 ပြိုင်ပွဲမှာ 1st Runner Up ဆုကို မိတ္ထီလာကိုယ်စားပြုအလှမယ်ချယ်ရီမိုး၊ 4th Runner Up ဆုကို တောင်ငူ ကိုယ်စားပြုအလှမယ် သော်တာစန်းတို့က ရရှိထားတာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ပြည်မြို့တွင် ဓားဒဏ်ရာ ၁၁ ချက်ဖြင့် အဝေးသင်ကျောင်းသား အသတ်ခံရမှု ကျုးလွန်သူကို မမိသေး
Next post (၁၁-၈-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်