ပြည်မြို့တွင် ဓားဒဏ်ရာ ၁၁ ချက်ဖြင့် အဝေးသင်ကျောင်းသား အသတ်ခံရမှု ကျုးလွန်သူကို မမိသေး

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ရွှေတစ်ချောင်းလမ်းမပေါ် တရုတ်စုရပ်၊ ဝါးရုံလမ်းထိပ်၊ (၃) လွှာတိုက်ခန်းတွင် ဓားဒဏ်ရာ ၁၁ ချက်ဖြင့် အဝေးသင်ကျောင်းသားတစ်ဦး အသတ်ခံရမှုနှင့်ပတ်သက်၍ ကျုးလွန်သူကို မမိသေးကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူ တစ်ဦးထံမှ သိရသည်။

အသက်၂၀ ခန့်အရွယ် အဝေးသင်ကျောင်းသား ကိုနိုင်ဝင်းဆွေကို သြဂုတ်လ ၈ ရက် ညပိုင်းက ဓားဒဏ်ရာ ၁၁ ချက်ဖြင့် တိုက်ခန်းအတွင်း သေဆုံးလျက် တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။“ကောင်လေးဇာတိက သဲကုန်းဘက်က။ ဘာကြောင့် အသတ်ခံရတာလဲ။ ဘယ်သူသတ်သွားတာလဲဆိုတာကိုတော့ မသိရသေးဘူး။ သူနဲ့ရင်းနှီးတဲ့သူငယ်ချင်းတွေကိုတော့ ရဲကခေါ်စစ်နေတယ်။ အခုထိတော့ ကျုးလွန်သူကို မမိသေးဘူး”ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူ တစ်ဦးကပြောသည်။

ထိုးသွင်းဒဏ်ရာ ၁၁ ချက်ဖြင့် သေဆုံးနေသော အမျိုးသားအလောင်းကို မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်) ပရဟိတပါရမီမှ အဖွဲ့ဝင် ၅ဦးက ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ လူသတ်မှု နှင့်ပတ်သက်၍ ပြည်မြို့မရဲစခန်းက ကျုးလွန်သူကို ဖမ်းဆီးနိုင်ရေးအတွက် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post နေ့စား ဝန်ထမ်း/အလုပ်သမားများ အတွက် အနည်းဆုံး လုပ်ခလစာ (၆၈၀၀) ကျပ်အဖြစ် တိုးမြှင့်သတ်မှတ်
Next post နိုင်ငံတကာ အလှမယ်ပြိုင်ပွဲတွေကို စေလွှတ်ယှဉ်ပြိုင် သွားမယ့် အလှမယ် သုံးဦးကို မိတ်ဆက်