သမီးဦးရတနာလေး အောင်မြင်စွာမွေးဖွားခဲ့ကြောင်း ပရိသတ်တွေကို အသိပေးလာတဲ့ အိချောပို

ပရိသတ်အချစ်တော် မင်းသမီးလေး အိချောပိုနဲ့ Moses Mone တို့ရဲ့ သမီးဦးရတနာလေးကို မွေးဖွားခဲ့ပြီးပြီလို့ သိရပါတယ်။ သူတို့ရဲ့ ချစ်စရာကောင်းတဲ့ သမီးဦးလေးကို ဩဂုတ်လ ၇ ရက် နံနက် ၄ နာရီကျော်က ရန်ကုန်မြို့ ပန်းလှိုင်ဆေးရုံမှာ မွေးဖွား ခဲ့တာပဲဖြစ်ပါတယ်။

“သမီးလေး Izzy < Izabelle Mone ” လို့ မေမေ သရုပ်ဆောင် အိချောပိုက ပရိသတ်ကို အသိပေးလာပါတယ်။ သရုပ်ဆောင် အိချောပိုကတော့ Moses Mone နဲ့ ချစ်သူသက်တမ်း ၄ နှစ်အကြာချစ်ကြိုက်ပြီး ရွှေလက်တွဲခဲ့တာခဲ့တာပါ။ သူတို့ဟာ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၇ ရက်က ထိုင်းနိုင်ငံ နိုင်ယန်ကမ်းခြေရှိ Phuket Marriott Resort & Spa မှာ မင်္ဂလာပွဲ ကျင်းပခဲ့ပြီး ဇန်နဝါရီ ၁၂ ရက် ညနေပိုင်းက ရန်ကုန်မြို့ Inya Lake Hotel မှာ Wedding Dinner ကိုလည်း ကျင်းပခဲ့ပါသေးတယ်။

အိချောပိုတို့ရဲ့ သမီးလေး Izzy < Izabelle Mone ကတော့ ဗုဒ္ဓဟူး သမီးလေးလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၉-၈-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post မိုင်းလား အထူးဒေသ (၄) ၏ ဥက္ကဋ္ဌ ဦးစိုင်းလင်း တရုတ် နိုင်ငံတွင် ကင်ဆာဖြင့်သေဆုံး၊ နာရေးကို မိုင်းလားတွင် ပြုလုပ်မည်ဟု သိရ