Miss Grand International 2024 ပြိုင်ပွဲအတွက် Catwalk လေ့ကျင့်ဖို့ အလှမယ် သဲစုညိမ်း ထိုင်းသို့ထွက်ခွာ

လာမယ့် အောက်တိုဘာလမှာ ကျင်းပသွားမယ့် Miss Grand International 2024 ပြိုင်ပွဲအတွက် ထိုင်းနိုင်ငံ၊ ဘန်ကောက် မြို့မှာ Catwalk Training လေ့ကျင့်ဖို့ Miss Grand Myanmar 2024 အလှမယ်သဲစုညိမ်းက ဩဂုတ်လ ၈ ရက် နံနက် ၁၁ နာရီက ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ စတင်ထွက်ခွာခဲ့ပါတယ်။

“သဲသဲ အရင်အင်တာဗျူးတွေမှာ ပြောခဲ့သလိုပဲ မြန်မာဆိုတဲ့အရာကို ချပြချင်တယ်။ ရှေ့စီနီယာတွေလည်း အကောင်းဆုံး တွေကို ချပြခဲ့တာမို့ သဲသဲကလည်း မြန်မာ့ဂုဏ်ကိုဆောင်ပြီးတော့ ကြိုးစားသွားပါမယ်။ အဲဒါကြောင့် လိုအပ်ချက်တွေ ရှိနေတာမို့ ဘန်ကောက်မှာ Catwalk လျှောက်ဖို့ အကောင်းဆုံးကြိုးစားသွားပါမယ်။ ပြီးရင်လည်း ကမ္ဘာဒီးယားကိုလည်း ခရီးထွက်ဖို့ ရှိပါတယ်။ သဲသဲ စိတ်လှုပ်ရှားတယ်။ သဲသဲအနေနဲ့ ပထမဦးဆုံး သွားမယ့်ခရီးမှာ Fan တွေက အဲလောက် အများကြီး ပံ့ပိုးပေးကြတယ်။ ဟိုဘက်မှာ တကယ့် Beauty International ရဲ့ Admin တွေ စောင့်နေမယ်ဆိုတော့ အရမ်းစိတ်လှုပ်ရှားရပါတယ်။ သဲသဲကို ပြည်ပနိုင်ငံတွေကလည်း သင်ပေးကြတယ်။ အာရှမှာလည်း ကိုယ့်ကိုသတိထား မိအောင် အားလုံးဝိုင်းပံ့ပိုးပေးကြတယ်။ သဲသဲ ကြိုးစားမှုအကုန်လုံးကို ချပြသွားပါမယ်။ ခန္ဓာကိုယ် မပြည့်ဝခင်ကတည်း သဲအရမ်း ပိန်ပိန်လေးကလည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုထားထားပါတယ်။ တစ်ရက် ဒါမျိုးဖြစ်အောင်လုပ်မယ် ကိုယ်တိုင် Crown ရဖို့လည်းကြိုးစားပြီး စိတ်မျိုးထားခဲ့တယ်။ ခုဆိုရင်လည်း အကောင်းဆုံးကြိုးစားသွားဖို့ရှိလို့ ယုံကြည်မှုလည်း ရှိပါတယ်။ မြန်မာနိုင်ငံအတွက် သဲသဲက ဂုဏ်ဆောင်ချင်ပါတယ်။ ပြိုင်ပွဲအတွက်လည်း ရင်ခုန်နေပါတယ်” လို့ အလှမယ် သဲစုညိမ်းက ပြောပါတယ်။

သူမက အဆိုပါ ပြိုင်ပွဲကြီးအတွက် ကမ္ဘာဒီးယားနိုင်ငံနဲ့ထိုင်းနိုင်ငံတို့မှာ ကျင်းပမယ့် Miss Grand International 2024 ပြိုင်ပွဲအတွက် Body, Beauty, Brain, Catwalk, Swimsuit စတဲ့ အပိုင်းတွေလည်း ရိုက်ကူးတင်ပေးမယ်လို့ ဆိုပါတယ်။ Miss Grand International 2024 ပြိုင်ပွဲကြီးကို ယခု ၂၀၂၄ ခုနှစ်မှာ Host Country အနေနဲ့ ကမ္ဘောဒီးယားနိုင်ငံနဲ့ ထိုင်းနိုင်ငံ နှစ်နိုင်ငံမှာ ကျင်းပမှာဖြစ်ပါတယ်။

နိုင်ငံတကာက နိုင်ငံ့ကိုယ်စားပြု အလှမယ်ပေါင်းများစွာ ပါဝင်ယှဥ်ပြိုင်ကြမယ့် Miss Grand International 2024 Final ပြိုင်ပွဲကြီးကိုတော့ ထိုင်းနိုင်ငံ ဘန်ကောက်မြိုမှာ ကျင်းပမှာဖြစ်ပြီး မြန်မာနိုင်ငံ ကိုယ်စားပြုအလှမယ် သဲစုညိမ်း ဝင်ရောက် ယှဥ်ပြိုင်မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၉-၈-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post ဒဂုံမြို့သစ်၏ နေရာအချို့တွင် ဒီနေ့ နံနက် (၁၀)နာရီမှ နေ့လယ် (၂)နာရီအတွင်း ယာယီ ဓာတ်အားပြတ်တောက်မည်