ဒဂုံမြို့သစ်၏ နေရာအချို့တွင် ဒီနေ့ နံနက် (၁၀)နာရီမှ နေ့လယ် (၂)နာရီအတွင်း ယာယီ ဓာတ်အားပြတ်တောက်မည်

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နှင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်များရှိ စက်မှုဇုန်နှင့် ရပ်ကွက်နေရာအချို့တို့တွင် ဩဂုတ်လ (၉)ရက်နေ့၌ ယာယီဓာတ်အားပြတ်တောက် မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ အသိပေးထုတ်ပြန်ထားပါသည်။

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ 66kV ဧရာဝဏ်ဓာတ်အားခွဲရုံမှ ဓာတ်အားပေးထားသော 66kV ဧရာဝဏ် (၁)ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း လုပ်ငန်းကို မြို့နယ်စုဖွဲ့အင်အားဖြင့် (၉.၈.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီမှ နေ့လယ် (၂:၀၀)နာရီ အချိန်အထိ ဓာတ်အားပိတ်၍ လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်သည်။

သို့ပါ၍ အဆိုပါလုပ်ငန်း ဆောင်ရွက်နေစဉ်အတွင်း ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နှင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်များရှိ စက်မှုဇုန်နှင့် ရပ်ကွက်နေရာအချို့တို့တွင် ယာယီဓာတ်အားပြတ်တောက်မှု ရှိမည်ဖြစ်ကြောင်းနှင့် ဓာတ်အားပြတ်တောက်ချိန် ကြာမြင့်မှုမရှိစေရေး၊ ဓာတ်အားပြတ်ဧရိယာ လျော့နည်းစေရေးအတွက် ကြိုးစားဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post Miss Grand International 2024 ပြိုင်ပွဲအတွက် Catwalk လေ့ကျင့်ဖို့ အလှမယ် သဲစုညိမ်း ထိုင်းသို့ထွက်ခွာ
Next post (၉-၈-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ