တားမြစ်ဓာတုပစ္စည်းများပါဝင်နေသည့် အလှကုန်ပစ္စည်း (၄၈)မျိုးကို သုံးစွဲရန်မသင့်ဟု(FDA)ထုတ်ပြန်

တားမြစ်ဓာတုပစ္စည်းများပါဝင်နေသည့် အလှကုန်ပစ္စည်း(၄၈)မျိုးကို အများပြည်သူသုံးစွဲရန်မသင့်ဟု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန FDA က အသိပေး‌ထုတ်ပြန်ထားသည်။

အာဆီယံဒေသတွင်းနိုင်ငံများ၏ Post-Marketing Alert System (PMAS) Report အစီအစဉ်အရ အာဆီယံ ဒေသတွင်း တွေ့ရှိရသော တားမြစ်ဓာတုပစ္စည်းပါဝင်သည့် ကုန်ပစ္စည်း (၄၈) မျိုးသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန မှတ်တမ်းတင်ထားခြင်းမရှိသည့်အပြင် ကျန်းမာရေးအတွက် ဘေးအန္တရာယ် ဖြစ်စေနိုင်သော တားမြစ်ဓာတုပစ္စည်းများ ပါဝင်နေသည့်အတွက် အများပြည်သူ လူထုသုံးစွဲရန် မသင့်ကြောင်း အသိပေးထားသည်။

FDA ထုတ်ပြန်ချက်အရ ဖော်ပြပါ အလှကုန်ပစ္စည်းများတွင် ပါဝင်သည့် တားမြစ်ဓာတုပစ္စည်းများကြောင့် အရေပြား ယားယံ ခြင်း၊ ရောင်ရမ်းခြင်း၊ အဖြူ၊ အနီကွက်ခြင်း၊ အရေပြားကတဆင့် ခန္ဓာကိုယ်အတွင်းကို စုပ်ယူပြီး ထုံကျင်ခြင်း၊ ကြွက်သား တုန်ခါခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် စိတ်ကျရောဂါများအပြင် ရေရှည်သုံးစွဲပါက ကျောက်ကပ်ပျက်စီးခြင်း နှင့် အခြားရောဂါများ ဖြစ်ပွားနိုင်ကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင် အလှကုန် တင်သွင်းဖြန့်ဖြူးရောင်းချနေသည့် ကုမ္ပဏီများနှင့် လက်လီလက်ကား ရောင်းချနေသည့် ဆိုင်များအနေဖြင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင်ရာအာဏာပိုင်အဖွဲအစည်းက ပြည်သူ့ကျန်းမာရေး ဆိုင်ရာ ဥပဒေပုဒ်မ ၃၊ အပိုဒ် (၃)(ဃ) အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန် ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post မြေပြင်စာရင်းကောက်ယူထားသော ယာယီအိမ်ထောင်စု လူဦးရေစာရင်းမှ မြေပြင်နေထိုင်ခြင်း ရှိ/မရှိ တိုက်ဆိုင် စစ်ဆေး
Next post တရားသော စစ်အောင်မြင်ရန် ပြည်သူများအနေဖြင့် စည်းလုံး ညီညွတ်ရန်လိုပြီး တပ်မတော်နှင့်အတူ ပူးပေါင်းဆောင်ရွက် ပေးရန်လိုအပ်ကြောင်း နစက ဥက္ကဋ္ဌ ပြောကြား