မြေပြင်စာရင်းကောက်ယူထားသော ယာယီအိမ်ထောင်စု လူဦးရေစာရင်းမှ မြေပြင်နေထိုင်ခြင်း ရှိ/မရှိ တိုက်ဆိုင် စစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြိုသစ်ခရိုင်၊ ဒဂုံမြိုသစ်မြောက်ပိုင်းမြိုနယ်၊ အမှတ်(၃၅)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ယမန်နေ့ နံနက်ပိုင်းက လူဝင်မူကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ ယာယီ အိမ်ထောင်စု လူဦးရေစာရင်းမှ မြေပြင်နေထိုင်ခြင်း ရှိ/မရှိ ကို တိုက်နယ်မှူးနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးအဖွဲဝင်များမှ တိုက်ဆိုင်စစ်ဆေးခဲ့ကြောင်း သိရပါတယ်။

ထိုသို့ တိုက်ဆိုင်စစ်ဆေးရာတွင် လူဝင်မူကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ မြို့နယ်လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနမှ တိုက်နယ်မှူး ဒေါ်ဇင်ပပလွင်၊ (၃၅)ရပ်ကွက် ရပ်ကျေးအုပ်ချုပ်ရေးမှူး ဦးသန်း‌အောင်နှင့် အဖွဲ့ဝင်များမှ ပန်းခင်းစီမံချက်(၃)ဖြင့် ဆောင်ရွက်လျက်ရှိသော ယာယီအိမ်ထောင်စုလူဦးရေစာရင်းမှ မြေပြင်နေထိုင်ခြင်း ရှိ/မရှိ၊ နိုင်ငံသားစိစစ်ရေးကတ် ရှိ/မရှိတို့ကို တိုက်ဆိုင်စစ်ဆေးစိစစ်၍ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post အဋ္ဌကထာကျမ်းစာအုပ် ၅၁ အုပ်ကို ကွန်ပျူတာစာမူစနစ်ဖြင့် ပြန်လည်ထုတ်ဝေမည်ဖြစ်ရာ ပညာပါရမီဖြည့်ဆည်း လှူဒါန်းနိုင်
Next post တားမြစ်ဓာတုပစ္စည်းများပါဝင်နေသည့် အလှကုန်ပစ္စည်း (၄၈)မျိုးကို သုံးစွဲရန်မသင့်ဟု(FDA)ထုတ်ပြန်