တရားသော စစ်အောင်မြင်ရန် ပြည်သူများအနေဖြင့် စည်းလုံး ညီညွတ်ရန်လိုပြီး တပ်မတော်နှင့်အတူ ပူးပေါင်းဆောင်ရွက် ပေးရန်လိုအပ်ကြောင်း နစက ဥက္ကဋ္ဌ ပြောကြား

တရားသော စစ်အောင်မြင်ရန်အတွက် ပြည်သူများအနေဖြင့် စည်းလုံးညီညွတ်ရန်လိုပြီး တပ်မတော်နှင့်အတူ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ပြောကြားသည်။

ယနေ့ ဩဂုတ်(၅)ရက် ညနေပိုင်းအချိန်တွင် နိုင်ငံတော်၏လုံခြုံရေးဆိုင်ရာ အခြေအနေများနှင့် ပတ်သက်၍ ပြည်သူလူထုထံ အသိပေးပြောကြားချက်အတွင်း နစကဉက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုသို့ ထည့်သွင်းပြောကြားသွားခြင်းလည်း ဖြစ်သည်။

“ ခေတ်အဆက်ဆက် သွေးချွေးပေးဆပ်ခဲ့တဲ့ မြန်မာ့တပ်မတော်နဲ့ မျိုးချစ်ပြည်သူများက ဉီးဆောင်ဆင်နွှဲနေတဲ့ တရားသော စစ်အောင်မြင်ဖို့ ကျွန်တော်တို့ ပြည်သူအားလုံးကယုံကြည်စွာနဲ့ ဝိုင်းဝန်းပေးကြဖို့ လိုအပ်ပါတယ်။ တပ်မတော်နှင့် မျိုးချစ် ပြည်သူရှိနေသမျှ မြန်မာနိုင်ငံတော်ကြီးတည်တံ့ခိုင်မြဲနေရပါမယ် တည်တံ့ခိုင်မြဲအောင်လည်းလုပ်ဆောင်ပါ့မယ် စည်းလုံးသောအင်အားနှင့် အမိနိုင်ငံတော်ကြီးကို ကာကွယ်စောင့်ရှောက်ပါမယ်ခင်ဗျာ” ဟု ကတိပြုပြောကြားသည်။

ပြည်သူများအနေဖြင့် ခေတ်အဆက် ဆက်ပေါ်ပေါက်လာသည့် ပြည်ပကျုးကျော်သူများနှင့် ပြည်တွင်းသောင်းကျန်းသူ အမျိုးမျိုး၏ဒဏ်ကို မြန်မာ့တပ်မတော်နှင့်လက်တွဲပြီး ကြံ့ကြံ့ခံအောင်မြင်စွာ တွန်းလှန်နိုင်ခဲ့ကြကြောင်းနှင့် တပ်မတော်နှင့် ပြည်သူပူးပေါင်း၍ ပြည်တွင်းပြည်ပအန္တရာယ်များအားရင်ဆိုင်ကျော်ဖြတ်နိုင်ခဲ့ကြသလို ရင်ဆိုင်ကျော်ဖြတ်နိုင်စွမ်းလည်း ရှိကြသည်ဟု မိန့်ခွန်းအတွင်းထည့်သွင်းပြောကြားသည်။

ထို့အပြင် ပြည်သူလူထုအနေဖြင့် သတိပြုရမည့်အချက်မှာ ယနေ့ကမ္ဘာ့ရေးရာအခြေနေများသည် များစွာရှုပ်ထွေးနေခြင်း ကြောင့် မိမိတို့မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာတည်သရွေ့တည်တံ့နေစေရန် အားလုံးစည်းလုံးညီညွတ်ကြောင်းပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post တားမြစ်ဓာတုပစ္စည်းများပါဝင်နေသည့် အလှကုန်ပစ္စည်း (၄၈)မျိုးကို သုံးစွဲရန်မသင့်ဟု(FDA)ထုတ်ပြန်
Next post အကြမ်းဖက်လက်နက်ကိုင် တိုက်ခိုက်သူများကို ဘုံရန်သူ အဖြစ် သတ်မှတ်ကာ အေးချမ်းမှုပြန်ရရှိအောင် ဆောင်ရွက် မည်ဟု နစက ဥက္ကဋ္ဌ ပြောကြား