ပေါ့စ်စတား ဂျက်စတင်တင်ဘက်လိက်ခ် ယာဉ်မောင်းလိုင်စင် ဆိုင်းငံ့ခံရ

အမေရိကန်ပေါ့ပ်စတား ဂျက်စတင် တင်ဘလိက်ခ်ဟာ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၊ Sag Harbor မှာ ဇွန်လက အရက်မူးပြီး ကားမောင်းမှုနဲ့ ဖမ်းဆီးခံခဲ့ရပါတယ်။

ဒါကြောင့် Sag Harbor Village Justice Carl Irace တရားရုံးက စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ၎င်းကို နယူးယောက် ပြည်နယ်မှာ ယာဉ်မောင်းခွင့် ဆိုင်းငံ့ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အသက် ၄၃ နှစ်အရွယ် နာမည်ကျော် ပေါ့စ်စတားတစ်ယောက် ဖြစ်တဲ့ တင်ဘက်လိက်ခ်ဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၈ ရက်က ညသန်းခေါင်ကျော်အချိန် Long Island ရှိ Sag Harbor မှာ မီးခိုးရောင် BMW ကားကို မောင်းနှင်နေခဲ့ပါတယ်။

သူ့ကို ရဲတွေကို ကားရပ်ဖို့ သတိပေးပြီး ဖမ်းဆီးလိုက်ချိန်မှာတော့ တင်ဘက်လိက်ခ်ရဲ့မျက်လုံးတွေဟာ ဆေးသုံးထားသလို အနီရောင် ဖြစ်နေ ပြီး သတ်မှတ်ချက်ထက် ကျော်လွန်တဲ့အရက်သောက်ထားတဲ့ အထောက်အထားလည်း တွေ့ရှိခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ရှေ့နေကတော့ အဆိုပါစွဲချက်တွေကို ငြင်းဆိုထားတယ်လို့ သိရပါတယ်။

တင်ဘက်လိက်ခ်ဟာ လတ်တလောမှာတော့ အယ်လ်ဘမ်ဖြစ်တဲ့ “Everything I Thought It Was” နဲ့အတူ ကမ္ဘာလှည့် ဖျော်ဖြေပွဲအတွက် ဥရောပကို သွားရောက်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၅-၈-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post အဋ္ဌကထာကျမ်းစာအုပ် ၅၁ အုပ်ကို ကွန်ပျူတာစာမူစနစ်ဖြင့် ပြန်လည်ထုတ်ဝေမည်ဖြစ်ရာ ပညာပါရမီဖြည့်ဆည်း လှူဒါန်းနိုင်