(၅-၈-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၅-၈-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲဝင်များအတွက် ကယားပြည်နယ်အစိုးရအဖွဲ၊ ဌာနဆိုင်ရာဝန်ထမ်းမိသားစုများက စားသောက်ဖွယ်ရာများ လှူဒါန်းပေးအပ်

၂။ လွိင်ကော် လေဆိပ် ပြန်လည်ပြင်ဆင်နေမှုကို ပြည်နယ် ဝန်ကြီးချုပ်နှင့် အဖွဲ သွားရောက်ကြည့်ရှု

၃။ ဗဟိုဘဏ်က နိုင်ငံခြားငွေများ ဆက်တိုက်ရောင်းချပေးနေ

၄။ လက်ရှိတွင် စားအုန်းဆီတင်သွင်းမှု လိုအပ်ချက်၏ ရာခိုင်နှုန်း ၃၀ ဝန်းကျင်သာရှိတော့ပြီး ၂၀၂၅ ခုနှစ်တွင် မဖြစ်မနေသုံးစွဲမှုအတွက်သာ တင်သွင်းရသော အခြေအနေအထိ လျှော့ချသွားမည်

၅။ MNDAA ၊ TNLA တိုက အပြစ်မဲ့ပြည်သူ ဆေးရုံတက်နေသူတွေကို သတ်ဖြတ်မှု လူမျိုးရေးပါသလို လူမျိုးတုံးသတ်ဖြတ်မှုပါ ကျူးလွန်ဟု တောင်သူလယ်သမားဖွံဖြိုးတိုးတက်ရေးပါတီ ပြော

၆။ CDM ချင်းအမျိုးသမီးအား လိင်ပိုင်းဆိုင်ရာစော်ကားသည့် အိန္ဒိယကိုယ်စားလှယ် ဆလိုင်းအိုင်ဇက်ခင်ကို NUG အရေးမယူဘဲ ရာထူးသာထုတ်ပယ်

၇။ တောင်သာမြိုနယ် ကန်မြဲကျေးရွာတွင် PDF သုံးဦးက အမျိုးသမီးတစ်ဦးကို သေနတ်ဖြင့်ပစ်သတ်

၈။ ဩဂုတ်လ ၄ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၄,၇၆၄,၃၉၃ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၇၇၀ ကျပ်၊ Octane 95 – ၂၈၉၅ ကျပ်၊ Diesel – ၂၄၅၀ ကျပ်၊ Premium Diesel – ၂၉၂၀ ကျပ်

နိုင်ငံတကာသတင်းများ

၁။ ဘင်္ဂလားဒေ့ရှ်တွင် စစ်တပ်အကြီးအကဲဟောင်းများက ဆန္ဒပြသူများကို ထောက်ခံ

၂။ လက်ဘနွန်မှအမြန်ဆုံး ထွက်ခွာရန် အမေရိကနှင့်ဗြိတိန်တိုတိုက်တွန်း

၃။ မြောက်ကိုရီးယား ကို ရေဘေး အကူအညီပေးလိုကြောင်း ပူတင် ကမ်းလှမ်း

၄။ ထိုင်ဝမ်သုတေသနစင်တာတစ်ခုမှ အချက်အလက်များကို တရုတ်ဟက်ကာများ ခိုးယူခဲ့

၅။ ဗြိတိန်ရေငုပ်သင်္ဘောတည်ဆောက်ရေးအတွက် ငှားရမ်းထားသည့်ကုမ္ပဏီက ဆော့ဖ်ဝဲဒီဇိုင်းအတွက် ရုရှားနှင့် ဘယ်လာရုစ်ရှိ ပရိဂရမ်မာများထံ အလုပ်အပ်နှံခဲ့

၆။ နယူးယော့ခ်မြိုတွင် မီးလောင်မှုကြောင့် လူ ၁၄ ဦး ဒဏ်ရာရပြီး အဆောက်အအုံခုနှစ်ခုသို မီးကူးစက်

အားကစားသတင်းများ

၁။ ကယန်းလက်ဝှေ့မယ် ဘရော်နီကာ အာဂျင်တီးနား ဖိုက်တာကို အနိုင်ရရှိ

၂။ မြန်မာ့လက်ရွေးစင် တိုက်စစ်မှူး ဝင်းနိုင်ထွန်းကို ချင်းရိုင်ယူနိုက်တက်က တစ်ရာသီစာချုပ်ဖြင့် ခေါ်ယူ

၃။ မြန်မာနေရှင်နယ်လိဂ်တွင် အင်အားအတောင့်တင်းဆုံး အသင်းနှစ်သင်း ယှဉ်ပြိုင် ကစားမှု (၂)ဂိုးစီဖြင့် သရေရလဒ်ထွက်ပေါ်

၄။ U -12 Junior Soccer World Challenge ပြိုင်ပွဲဝင် (၄၈) သင်းအား (၄)သင်းစီ (၁၂) အုပ်စုခွဲ၍ ကစားမည်

၅။ Youtube star MrBeast၊ ပြုလုပ်ခဲ့တဲ့ Beast Games အားကစားပြိုင်ပွဲတွေမှာ လုံခြုံရေးဆိုင်ရာ တိုင်ကြားချက်တွေ ထွက်ပေါ်နေ

အနုပညာသတင်းများ

၁။ ကိုယ့်ရဲ့အနုပညာနဲ့ ကြိုးစားရှင်သန်သွားချင်တယ်ဆိုတဲ့ ပန်းသီး

၂။ အမေနဲ့က အကြိုက်ချင်းတူနေတော့ အမြဲတမ်းလုနေရတယ်ဆိုတဲ့ ပြုံးမြသွယ်

၃။ ပေါ့စ်စတား ဂျက်စတင်တင်ဘက်လိက်ခ် ယာဉ်မောင်းလိုင်စင် ဆိုင်းငံ့ခံရ

၄။ ပါရီအိုလံပစ် ပိတ်ပွဲအခမ်းအနားမှာ တွမ်ခရုစ် ပါဝင်လာမယ်ဆိုတဲ့ကောလဟာလများ ထွက်ရှိနေ

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၄-၈-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post ပေါ့စ်စတား ဂျက်စတင်တင်ဘက်လိက်ခ် ယာဉ်မောင်းလိုင်စင် ဆိုင်းငံ့ခံရ