ချစ်ခင်ရတဲ့သူတွေနဲ့ မွေးနေ့ကုသိုလ်ပြုလုပ်ခဲ့တဲ့ ဝတ်မှုန်ရွှေရည်

သရုပ်ဆောင် အကယ်ဒမီ ဝတ်မှုန်ရွှေရည်သည် သြဂုတ်လ (၁၀)ရက်နေ့တွင် ကျရောက်သော (၃၅)နှစ်ပြည့်မွေးနေ့ကို ချစ်ခင်ရတဲ့သူတွေနဲ့ လှုဒါန်းကုသိုလ်တွေပြုရင်း ဖြတ်သန်းခဲ့တဲ့မွေးနေ့အမှတ်တရလေးတွေကို သူ၏အကောင့်မှာ မျှဝေလာတာ ဖြစ်ပါတယ်။

“ဘုန်းဘုန်းတွေကိုတနေ့တာဆွမ်းအလှူ ၊စတုဒီသာ အလှူ နဲ့ကစ်အရင်တစ်ခေါက်က သွားလှူရင်း နောက်တခေါက်ပြန်လာမယ်လို့ပြောခဲ့တဲ့ မျိုးဆက်သစ်လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာလေးကိုလည်း မွေးနေ့အမှတ်တရအဖြစ် ထပ်မံသွား ရောက်လှူဒါန်းဖြစ်ခဲ့ပါတယ်။ သတိတရ ချစ်ခင်သောစိတ်ဖြင့် မွေးနေ့ဆုတောင်းပေးကြတဲ့သူတဦးတယောက်ချင်းစီကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်ရှင့်” ဟုရေးသားဖော်ပြထားပါတယ်။

DBN ပရိသတ်တွေလည်း ပုံလေးကို ကြည့်ရင်း ထပ်တူကုသိုလ်ရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်….

Source…Wutt Mhone Shwe Yi’s Fb page

Leave a Reply

Your email address will not be published. Required fields are marked *

Previous post လက်ဝှေ့သမား Amir Khan သည် ဇနီးသည်အား တန်ဖိုးကြီးကားတစ်စီး လက်ဆောင်ပေး
Next post ကြော်ငြာဓာတ်ပုံ အတူတူရိုက်ကူးနေတဲ့ သရုပ်ဆောင် ထက်ထက်မိုးဦးတို့ သားအမိ