မြန်မာ့လက်ရွေးစင် နောက်ခံကစားသမား ဇော်မင်းထွန်းကို ထိုင်းလိဂ်(၂) ကလပ် ထရတ်အသင်း ပြန်လည်ခေါ်ယူ

ဩဂုတ်လ ၃ ရက်

မြန်မာ့လက်ရွေးစင် နောက်ခံကစားသမား ဇော်မင်းထွန်းကို ထိုင်းလိဂ်(၂) ကလပ် ထရတ်အသင်းက ပြန်လည်ခေါ်ယူခဲ့ပါတယ်။

ဇော်မင်းထွန်းသည် ပြီးခဲ့သည့် ၂၀၂၂-၂၃ ဘောလုံးရာသီအတွင်း ထရတ်အသင်း၌ တစ်ရာသီ ကစားခဲ့ဖူးပြီး အသင်းအတွက် (၂၂) ပွဲ ကစားပေးခဲ့ကြောင်း သိရပါတယ်။

ယခုနှစ် ဘောလုံးရာသီအတွက် ပြန်လည်ခေါ်ယူခြင်း ခံရသည့် ဇော်မင်းထွန်းမှာ ကျောနံပတ် (၃၆) ကို ဝတ်ဆင်ကစားသွားမည်ဖြစ်ကြောင်း သိရပါတယ်။

“ကျွန်တော့်ရဲ့ အရည်အချင်းတွေကို ယုံကြည်မှုအပြည့်နဲ့ အသင်းကို ပြန်လာရတာ ပျော်ပါတယ်။ စိတ်ချပါ၊ ကျွန်တော် အကောင်းဆုံး အသင်းကို ပေးသွားမှာပါ”ဟု ဇော်မင်းထွန်းက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် မျှဝေထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post RSO ခွဲထွက်အဖွဲမှ ရခိုင်အစွန်းရောက် AA အကြမ်းဖက် အဖွဲ့ဝင်များစွာကို ဖမ်းဆီးထား
Next post ပရိသတ်အချစ်တော် ” မိုဂျီ ” လေးရဲ့ (၅) နှစ်ပြည့် မွေးနေ့အမှတ်တရ လူ (၁၀၀) စာ အလှူ