RSO ခွဲထွက်အဖွဲမှ ရခိုင်အစွန်းရောက် AA အကြမ်းဖက် အဖွဲ့ဝင်များစွာကို ဖမ်းဆီးထား

မောင်တောမြို့နယ်အတွင်းနေထိုင်သည့် မွတ်ဆလင်များအား နေ့စဥ်လူမျိုးတုံးသတ်ဖြတ်မှုများပြုလုပ်နေသည့် ရခိုင် အစွန်းရောက် AA အကြမ်းဖက်အဖွဲ့ဝင်များအား မွတ်ဆလင်လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် RSO ခွဲထွက်အဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ နယ်စပ်တွင် နေထိုင်သူများထံမှ သိရပါတယ်။

RSO အဖွဲ့အနေဖြင့် NUG အဖွဲ့နှင့်ချိတ်ဆက်ဆောင်ရွက်မှုများ ရှိနေပြီး တစ်ဖက်နိုင်ငံနယ်စပ်တွင် AA အဖွဲ့ဝင်များနှင့် ပေါင်းကာ ရခိုင်ပြည်နယ်အတွင်း ဝင်ရောက် တိုက်ခိုက်နေသော်လည်း လက်ရှိအချိန်တွင် အပြစ်မဲ့ မွတ်ဆလင်များအား အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်နေခြင်း၊ တစ်ဖက်နိုင်ငံနယ်စပ် ကော်ဘဇားဒေသတွင် နေထိုင်သည့် မွတ်ဆလင် ဒုက္ခသည်များအား ဒေသအာဏာပိုင်များနှင့်ပေါင်းကာ ခေါင်းစဥ်အမျိုးမျိုးတပ် ဖမ်းဆီးသတ်ဖြတ်ခြင်းများ ပြုလုပ်နေ တာကြောင့် ၎င်းကိစ္စများကိုမကျေနပ်သည့် လက်အောက်အဖွဲ့ဝင်များမှာ RSO အဖွဲ့အစည်းမှခွဲထွက်ကာ လက်ရှိအချိန်၌ မောင်တောမြို့နယ်အတွင်း AA အကြမ်းဖက်အဖွဲ့ဝင်များအား လိုက်လံတိုက်ခိုက်ရှင်းလင်းနေတာဖြစ်ကြောင်း သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၃-၈-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်
Next post မြန်မာ့လက်ရွေးစင် နောက်ခံကစားသမား ဇော်မင်းထွန်းကို ထိုင်းလိဂ်(၂) ကလပ် ထရတ်အသင်း ပြန်လည်ခေါ်ယူ