LGBT တွေကို မပြောသင့်တဲ့စကား ပြောမိလို့ ပြန်တောင်းပန် နေရတဲ့ အလှမယ် နီနီလင်းအိမ်

၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂ ရက်နေ့

နီနီလင်းအိမ်က Miss Grand International 2023 မှာ 1 st runner up ဆုကို ရယူနိုင်ခဲ့တဲ့အလှမယ်ဖြစ်တာကြောင့် မြန်မာ့ဂုဏ်ကို ဆောင်နိုင်ခဲ့သူတစ်ယောက်ပါ။ အခုနောက်ပိုင်းမှာတော့ LGBT တွေကို မခွဲခြားတဲ့အနေနဲ့ အလှမယ်ပြိုင်ပွဲ တွေမှာ ဝင်‌ရောက်ယှဉ်ပြိုင်ခွင့်ပေးလာကြပါတယ်။ ဒါပေမယ့် နီနီလင်းအိမ်ကတော့ LGBT တွေမကြိုက်တဲ့ စကားတစ်ခွန်းကို ပရိုဂရမ်တစ်ခုမှာ ပြောခဲ့မိတာကြောင့် ပြန်လည်တောင်းပန်နေရပါတယ်။

နီနီလင်းအိမ်က MRTV 4 ကနေ ပြုလုပ်တဲ့ The Noon Show မှာ LGBT တွေကို အခြောက်ဆိုပြီး ပြောမိခဲ့ပါတယ်။ နီနီလင်းအိမ်အလုပ်လုပ်နေတဲ့ ဒီအသိုင်းအဝိုင်းထဲမှာ LGBT တွေလည်း ပါဝင်ပြီးတော့ သူ့ကို ဆုရအောင် အားပေးခဲ့ကြ သူတွေထဲမှာ LGBT တွေလည်း ပါဝင်ပါတယ်။ ဒါပေမယ့်လည်း နီနီလင်းအိမ်က စကားပြောနေရင်းနဲ့ အခြောက်ဆိုပြီး နှုတ်ကနေ လွှတ်ကနဲ ထွက်သွားမိခဲ့ပါတယ်။ LGBT တွေအတွက် အခြောက်ဆိုတဲ့ စကားကတော့ နှိမ့်ချခေါ်ဝေါ်သလို ဖြစ်နေပြီး သူတို့ရဲ့ဖြစ်တည်မှုအပေါ်မှာ လေးစားမှု မရှိသလို ဖြစ်နေခဲ့တာကြောင့် ဝိုင်းဝန်းပြီးတော့ ဝေဖန်ခဲ့ကြပါတယ်။ နီနီလင်းအိမ်က LGBT တွေကို ဒီလိုပဲနှိမ့်ချခေါ်ဝေါ်နေတာလားဆိုပြီး စိတ်မကောင်းဖြစ်ခဲ့ကြပါတယ်။

ဝေဖန်တာတွေများလာတဲ့အချိန်မှာတော့ နီနီလင်းအိမ်က သူ့ရဲ့ page မှာ ပို့စ်တင်ပြီးတော့ တောင်းပန်ခဲ့ပါတယ်။ နီနီလည်းအိမ်က စကားပြောနေရင်းနဲ့ သတိမထားမိဘဲ လွှတ်ခနဲပြောထွက်သွားခဲ့တာဖြစ်ပြီး ရင်ထဲက ဘာအဓိပ္ပါယ် သက်ရောက်ခင်းမှ မရှိဘဲ၊ စော်ကားလိုစိတ်မရှိဘဲ ပြောသွားတာဖြစ်ကြောင်း ပြန်လည်ရှင်းပြခဲ့ပါတယ်။

နီနီလင်းအိမ်က talk show မှာ အခြောက်လို့ ပြောမိတဲ့အပိုင်းလေးကို ဖြတ်ပေးဖို့ကိုလည်း နီနီလင်းအိမ်နဲ့ သူ့မန်နေဂျာက ကိုယ်တိုင်ပြောခဲ့ပါတယ်။ ဒါပေမယ့်လည်း မဖြတ်ပေးခဲ့တဲ့အတွက် အခုတော့ တစ်နိုင်ငံလုံးက သိသွားခဲ့ပါတယ်။

နီနီလင်းအိမ်က အတိုက်အခိုက်ပေါင်းစုံကို ခေါင်းစဉ်မျိုးစုံနဲ့ တိုက်ခိုက်ခံနေရပေမယ့်လည်း တကယ့်စိတ်ရင်းမှာတော့ LGBT တွေကို စော်ကားလိုစိတ်လုံးဝမရှိကြောင်းကိုပို့စ်တင်ပြီးတော့ တောင်းပန်သွားခဲ့ပါတယ်။ နီနီလင်းအိမ် တောင်းပန်တဲ့အချိန် မှာတော့ အချို့တွေက နားလည်ခွင့်လွှတ်ပေးခဲ့ကြပါတယ်။ နီနီလင်းအိမ်က သူ့ရဲ့ဆရာ ကိုထူးအံ့လွင်နဲ့ ပြဿနာတက် ကတည်းက ဝေဖန်မှုတွေကို ဆက်တိုက်ခံနေရသူဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ရန်ကုန် – မော်လမြိုင်လမ်းပေါ်မှ ကမာစိုင်တံတား မိုင်းခွဲခံရ
Next post ရက်ပိုင်းအတွင်း စက်သုံးဆီများ ပြန်လည်ချောမွေ့စွာ ဖြန့်ဖြူးပေးနိုင်မည်ဟုဆို