ရက်ပိုင်းအတွင်း စက်သုံးဆီများ ပြန်လည်ချောမွေ့စွာ ဖြန့်ဖြူးပေးနိုင်မည်ဟုဆို

မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းအနေဖြင့် စက်သုံးဆီပိုမို လျင်မြန်စွာဖြန့်ဖြူးပေးနိုင်ရန် လိုအပ်ချက်များကို ပူးပေါင်းညှိုနှိုင်းဆောင်ရွက်နေကြသဖြင့် ရက်ပိုင်းအတွင်း စက်သုံးဆီများ ပြန်လည်ချောမွေ့စွာ ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း အဆိုပါအသင်းမှ အသိပေးကြေညာထားသည်။ စက်သုံးဆီများကို အများပြည်သူ အဆင်ပြေအောင်အချိန် နှင့် တပြေးညီ ဖြန့်ဖြူးပေးနေသည့်အပြင် စက်သုံးဆီများလည်း စဉ်ဆက်မပြတ် ဆီသင်္ဘောများ ရောက်ရှိနေကြောင်း အဆိုပါ အသင်းကဆိုသည်။

သို့သော် ယခုအချိန်ကာလတွင် ကောလဟာလသတင်းများနှင့် မီဒီယာအချို့၏ သတင်းမှားများဖြင့် ဝါဒဖြန့်မှုကြောင့် ရန်ကုန်မြို့ အပါအဝင် မြို့ကြီးအချို့ ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် သာမာန်မဟုတ်ဘဲ ဝယ်လိုအား အထူးမြင့်တက် ခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့ပြင် မိုးကြီးသည့်ကာလဖြစ်သဖြင့် ဆီတင်ကား ဘေးအန္တာရယ် ကင်းရှင်းရန်အတွက် သတိထားမောင်းနှင်ကြသဖြင့် ပုံမှန်အချိန်ထက် ပိုကြန့်ကြာခဲ့ကြောင်း၊ထိုအတွက်ကြောင့် စက်သုံးဆီအရောင်းဆိုင်များတွင် ယာယီစက်သုံးဆီ ပြတ်လပ် မှုများကြုံတွေ့ခဲ့ရကြောင်း အသိပေးထားသည်။ ထိုသို့ ယာယီ စက်သုံးဆီ ပြတ်လပ်ခြင်းကြောင့် လူထုစိုးရိမ်မှုသည် အနည်းငယ် ပိုမိုမြင့်တက်လာခြင်းတို့ကြောင့် ယနေ့ ဖြစ်ပျက်နေသည့် အခြေအနေ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် မတည်ငြိမ်သည့်ဒေသများမှ ပြောင်းရွှေ့လာသူအများစုသည် မြိုကြီးများ‌သို့ရောက်ရှိလာသည့်အတွက် စက်သုံးဆီလိုအပ်ချက်သည်လည်း မြို့ကြီးများတွင် ပိုမိုခဲ့ကြောင်း၊ သီလဝါရှိ စက်သုံးဆီ သိုလှောင်ကန်များတွင်လည်း စက်သုံးဆီလုံလောက်စွာရှိသည့်အပြင် နိုင်ငံခြား မှ စက်သုံးဆီတင်သွင်းလာသည့် သင်္ဘောများလည်း စဉ်ဆက် မပြတ်ဝင်ရောက်လျှက်ရှိကြောင်း အသိပေးထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post LGBT တွေကို မပြောသင့်တဲ့စကား ပြောမိလို့ ပြန်တောင်းပန် နေရတဲ့ အလှမယ် နီနီလင်းအိမ်
Next post (၂-၈-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ