နစကဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ် ဝန်ကြီး ဦးကိုကိုလှိုင် ကမ္ဘောဒီးယားဝန်ကြီးချုပ်၊ ဆီးနိတ်ဥက္ကဋ္ဌတို့နှင့် သီးခြားစီ တွေ့ဆုံ

၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အထူးကိုယ်စားလှယ်အဖြစ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန(၂) ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုလှိုင်သည် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်မှ သြဂုတ်လ ၂ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံသို့ အလုပ်သဘော ခရီးစဉ်သွားရောက်ခဲ့သည်။

အထူးကိုယ်စားလှယ်သည် ဖနောင်ပင်မြို့ သို့ရောက်ရှိစဉ် ၁-၈-၂၀၂၄ ရက်၊ နံနက် ၉ နာရီအချိန်တွင် ကမ္ဘောဒီးယားနိုင်ငံ၊ အထက်လွှတ်တော်ဥက္ကဋ္ဌ ဆမ်ဒတ်အာခါမိုဟာဆီနာပါတိုင်းတဲ့ချိ ဟွန်ဆန် အား အထက်လွှတ်တော်၌လည်းကောင်း၊ နံနက် ၁၀၃၀ နာရီတွင် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဆမ်ဒတ်မဟာပဝရဓိပတိဟွန်မာနိုက်အား ငြိမ်းချမ်းရေးနန်းတော်၌လည်းကောင်း သွားရောက်တွေ့ဆုံခဲ့သည်။

ယင်းသို့တွေ့ဆုံစဉ် အထူးကိုယ်စားလှယ်က မြန်မာနိုင်ငံအတွင်း လတ်တလောဖြစ်ပေါ် တိုးတက်မှုများ၊ အာဆီယံတူညီ ဆန္ဒ(၅)ချက်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ် အကောင်အထည်ဖော်ဆောင်ရွက်မှုများနှင့် နိုင်ငံတွင်း တရားမျှတသည့် ရွေးကောက်ပွဲကျင်းပရန် ကြိုတင်ပြင်ဆင်လျက်ရှိသည်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့ပြင် နှစ်နိုင်ငံအကြားရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုပိုမိုခိုင်မာစေရေး၊ ခရီးသွားလာမှု၊ ချိတ်ဆက်မှုနှင့် ယဉ်ကျေးမှုကဏ္ဍများ အပါအဝင် နှစ်ဖက်အပြန်အလှန်အကျိုးရှိစေမည့် ပူးပေါင်းဆောင်ရွက် မှုမြှင့်တင်နိုင်မည့်အလားအလာများ၊ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် ပူးပေါင်း ဆောင်ရွက်မှုပိုမိုတိုးမြှင့်ရေးနှင့် ၂၀၂၅ ခုနှစ်တွင် ကျရောက်မည့် နှစ်(၇၀)ပြည့်သံတမန် ဆက်ဆံ ရေးထူထောင်သည့် အထိမ်းအမှတ်အခမ်းအနားများ ကျင်းပရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာအမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post ခွင့်ပြုချက်လိုင်စင်ရ ဘဏ်များနှင့် Money Changer များထံမှသာ နိုင်ငံခြားငွေများအား ရောင်းဝယ်လဲလှယ်ခြင်း ပြုလုပ်ကြရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ် တိုက်တွန်း
Next post (၂-၈-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်