(၂-၈-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်

(၂-၈-၂၀၂၄) ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပြည်တွင်းသတင်းများ

၁။ ရွေးကောက်ပွဲများကို လုံခြုံရေးအခြေအနေအရ ကျင်းပနိုင်သည့်နယ်မြေများတွင် ဦးစွာကျင်းပမည်ဟု ဗိုလ်ချုပ်မှူးကြီးပြော

၂။ စက်သုံးဆီ ဖူလုံစွာသုံးစွဲနိုင်ရေးအတွက် သိုလှောင်ဖြန့်ဖြူးလျက်ရှိသည့်အပြင် ပြည်ပမှဆီတင်သင်္ဘောများ ဝင်ရောက်ရန် ရှိဟုဆို

၃။ MNA ၏ ပြည်ပခရီးစဉ်လက်မှတ်များကို နိုင်ငံခြားသားများ မြန်မာကျပ်ငွေဖြင့် ဝယ်ယူနိုင်ပြီ

၄။ ကချင်၊ စစ်ကိုင်း၊ ပဲခူးနှင့် မွန်တိုတွင် တရားသူကြီးများ ခန့်အပ်

၅။ ဗိုလ်ချုပ်မှူးကြီး၏ အထူးကိုယ်စားလှယ် ဝန်ကြီး ဦးကိုကိုလှိင် ကမ္ဘောဒီးယားဝန်ကြီးချုပ်၊ ဆီးနိတ်ဥက္ကဋ္ဌတိုနှင့် သီးခြားစီတွေ့ဆုံ

၆။ ပြည်သူများထံမှ သိမ်းယူလုယက်ထားသည့် ရွှေထည်ပစ္စည်းကို KPDF တစ်ဦးက Group များတွင် လိုက်လံရောင်းချ

၇။ နောင်ချိုမြိုနယ်တွင် သံပီပါများအတွင်းမှ ထိန်းချုပ်ဓာတုပစ္စည်း Sodium Cyanide ၁၃၅၀၀ ကီလို ဖမ်းဆီးရမိ

၈။ ဩဂုတ်လ ၁ ရက်နေ့ ငွေလဲလှယ်နှုန်း၊ ရွှေဈေးနှုန်းနှင့် စက်သုံးဆီဈေးနှုန်းများမှာ ရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၄,၆၉၂,၂၃၅ ကျပ်၊ ဒေါ်လာစျေးနှုန်း အဝယ် ၂၁၀၀ ကျပ်၊ အရောင်း ၂၁၀၀ ကျပ်၊ Octane 92 – ၂၆၃၀ ကျပ်၊ Octane 95 – ၂၇၅၀ ကျပ်၊ Diesel – ၂၃၆၅ ကျပ်၊ Premium Diesel – ၂၇၇၀ ကျပ်

နိုင်ငံတကာသတင်းများ

၁။ ဆန္ဒအလျောက် စစ်မှုထမ်းသူတွေကို လက်မှတ်ထိုးကြေး နှစ်ဆတိုးပေးတဲ့ ဥပဒေကို ရုရှားသမ္မတပူတင် လက်မှတ်ရေးထိုး

၂။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကျောင်းသားများက ဩဂုတ်လ ၁ ရက်၌ နိုင်ငံတစ်ဝန်း ချီတက်ဆန္ဒပြရန် ကြေညာ

၃။ ဟာနီယက် လုပ်ကြံခံရမှုကြောင့် လက်တုန့်ပြန်မှုတွေနဲ့ စစ်ဘောင်ကျယ်လာမယ့်အရေး စိုးရိမ်မှုတွေ ပြင်းထန်လာ

၄။ ဘေရွတ်မြိုကို အစ္စရေးလေကြောင်းတိုက်ခိုက်မှုအတွင်း အီရန်စစ်တပ်အကြံပေး‌သေဆုံးခဲ့

၅။ ယူကရိန်းက F-16 တိုက်လေယာဉ် ပထမဆုံးအသုတ်ကို လက်ခံရရှိ

၆။ အစ္စရေးရဲ့တည်ရှိမှုက အန္တရာယ်ရှိနေတယ်လို အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရမ့် သတိပေး

အားကစားသတင်းများ

၁။ မြန်မာပြည် အလွတ်တန်းချန်ပီယံ စိန်ခေါ်ပွဲ ရက်ထပ်မံ ပြောင်းရွှေ့

၂။ ဂျပန်ကလပ်အသင်းများဖြင့် တစ်အုပ်စုတည်းကျနေသည့် မြန်မာ U-12 အသင်း ပွဲချိန်စာရင်းများ ထွက်ရှိလာ

၃။ Myanmar Women League 2024 ပွဲစဉ်တစ်လျှောက် ဂိုးအများဆုံးသွင်းယူနိုင်သည့် ကစားသမားများစာရင်း ထွက်ပေါ်

၄။ ပရိသတ် ၁ သိန်းဆံ့ ကွင်းသစ်တည်ဆောက်ရန် မန်ယူအသင်း စီစဉ်

၅။ တိုက်စစ်မှူးအမ်ဘာပေ ပြင်သစ်လိဂ် ၂ ကလပ် ကိန်းအသင်း၏ ရှယ်ယာအများစုကို ဝယ်ယူ

အနုပညာသတင်းများ

၁။ လေးနှစ်ကျော် ပိတ်ထားသည့် မြန်မာ့ရုပ်ရှင်သမိုင်းပြတိုက်ကို ယခုလ ရုံးပိတ်ရက်များတွင် ပြန်လည်ဖွင့်လှစ်မည်

၂။ ကိုယ့်ဘက်က အကောင်းဆုံးလုပ်ထားပေမယ့် ပရိသတ်က အသုံးမကျဘူးဆိုပြီး ဆဲရင်လည်းခံရမှာဆိုတဲ့ မာန်ဟိန်း

၃။ လွန်ခဲ့တဲ့ ၄ နှစ်လောက်ကတည်းက ရပ်နားထားခဲ့တဲ့ 2024 Asia Model Festival Face Of Myanmar Media Conference ပွဲကျင်းပ

Leave a Reply

Your email address will not be published. Required fields are marked *

Previous post နစကဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ် ဝန်ကြီး ဦးကိုကိုလှိုင် ကမ္ဘောဒီးယားဝန်ကြီးချုပ်၊ ဆီးနိတ်ဥက္ကဋ္ဌတို့နှင့် သီးခြားစီ တွေ့ဆုံ
Next post ရန်ကုန် – မော်လမြိုင်လမ်းပေါ်မှ ကမာစိုင်တံတား မိုင်းခွဲခံရ