ခွင့်ပြုချက်လိုင်စင်ရ ဘဏ်များနှင့် Money Changer များထံမှသာ နိုင်ငံခြားငွေများအား ရောင်းဝယ်လဲလှယ်ခြင်း ပြုလုပ်ကြရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ် တိုက်တွန်း

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် တရားမဝင် ဒီဂျစ်တယ်‌ငွေကြေးများ ရောင်းဝယ်လဲလှယ်ခြင်း၊ နိုင်ငံခြားငွေကြေး ကစားနေသူများနှင့် ဟွန်ဒီလုပ်ငန်းဆောင်ရွက်နေသူများကို တရားဝင်လိုင်စင် မရှိဘဲ ဆောင်ရွက်နေသည့်အတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေနှင့် ငွေရေးကြေးရေး အဖွဲအစည်းများဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၂၄-၅-၂၀၂၄ ရက်နေ့က အသိပေးကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပြီး အဆိုပါအသိပေးကြေညာချက် ထုတ်ပြန်ခဲ့သည့်နေ့မှ ၄-၆-၂၀၂၄ ရက်နေ့အထိ နိုင်ငံခြားငွေကြေးကစားနေသူများနှင့် ဟွန်ဒီလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် လူပုဂ္ဂိုလ်(၃၉)ဦးတိုအား စိစစ်ဖော်ထုတ်၍ အရေးယူဆောင်ရွက်ထားရှိ ကြောင်း ၄-၆-၂၀၂၄ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

ထပ်မံ၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ပူးတွဲပါ လူပုဂ္ဂိုလ်(၉၃)ဦးတိုအား စိစစ် ဖော်ထုတ်နိုင်ခဲ့ပြီး တရားမဝင် လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခြင်းမပြုနိုင်စေရန် ဘဏ်များနှင့် မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုပေးသည့် အဖွဲအစည်းများတွင် ဖွင့်လှစ်ထားရှိသည့် ၎င်းတို၏ ဘဏ်ငွေစာရင်းများနှင့် Pay Account များအား ယာယီဆိုင်းငံ့ခြင်းများ ဆောင်ရွက်ထားပြီးဖြစ်ပါ သည်။ ဆက်လက်၍လည်း တရားဥပဒေစိုးမိုးရေးအဖွဲအစည်းများက စိစစ်အရေးယူလျက်ရှိသည်။

ထိုပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသော စည်းမျဉ်း၊ စည်းကမ်းနှင့် ညွှန်ကြားချက်များကို လိုက်နာမှုမရှိသည့် Money Changer များအား လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင် များ ရုပ်သိမ်းခဲ့ရာ ၃-၁-၂၀၂၃ ရက်နေ့မှ ၁၁-၄-၂၀၂၄ ရက်နေ့အထိ Money Changer (၁၉၃)ခုအား လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ရုပ်သိမ်းခဲ့ပြီး ၂၆-၇-၂၀၂၄ ရက်နေ့တွင် Reliance Ville Co., Ltd. အား လိုင်စင်ထပ်မံရုပ်သိမ်းခဲ့သဖြင့် ၁-၈-၂၀၂၄ ရက်နေ့အထိ စုစုပေါင်း Money Changer (၁၉၄)ခုအား လုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် ရုပ်သိမ်းခဲ့ပြီးဖြစ်သည်။


မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားငွေလဲလှယ်နှုန်းတည်ငြိမ်စေရန် ပြည်ပသိုသွားရောက် အလုပ်လုပ်ကိုင်မည့်သူ၊ ဆေးကုသရန်သွားရောက်မည့်သူနှင့် ပညာသင်သွားရောက်မည့်သူများ အတွက် အသေးသုံးနိုင်ငံခြားငွေ ငွေသားများကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် သိုမဟုတ် AD လိုင်စင်ရဘဏ်များ၏ Money Changer ကောင်တာများတွင် ၃၁-၅- ၂၀၂၃ ရက်နေ့မှစတင်၍ လည်းကောင်း၊ ပြည်ပသိုထွက်ခွာသူများအနက် ဘုရားဖူးထွက်ခွာသူများ၊ ပြည်ပနိုင်ငံ အစိုးရ နှင့် အသင်းအဖွဲများ၏ ဖိတ်ကြားချက်အရ အစည်းအဝေးတက်ရောက်ရန် ထွက်ခွာသူများအား ၁၈-၈-၂၀၂၃ ရက်နေ့မှ စတင်၍ လည်းကောင်း၊ တစ်ဦးလျှင် နိုင်ငံခြားငွေ ငွေသား အမေရိကန်ဒေါ်လာ ၃၀၀ မှ ၅၀၀ ခန့်(ယင်းနှင့် ညီမျှသော နိုင်ငံခြားငွေ ငွေသား)ကို အမေရိကန်ဒေါ်လာ တစ်ဒေါ်လာလျှင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နေ့စဉ်ကြေညာပေးလျက်ရှိသော Market Trading Rate + ၁၀ ကျပ်ဖြင့် ရောင်းချပေးလျက်ရှိသည်။

ထိုပြင် အထူးအစီစဉ်တစ်ရပ်အနေဖြင့် ၄-၃-၂၀၂၄ ရက်နေ့မှစတင်၍ ပြည်တွင်းပုဂ္ဂလိကဘဏ် (၃)ဘဏ်ဖြစ်သည့် ကမ္ဘောဇဘဏ်လီမိတက်၊ AYA Bank PCL ၊ uab ဘဏ်နှင့် နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့် (Money Changer) လိုင်စင်ရကုမ္ပဏီ(၂)ခုဖြစ်သည့် Eastern Lad Co., Ltd နှင့် Golden Money Services Co., Ltd. တိုနှင့် ပူးပေါင်း၍ အများပြည်သူများ၏ အသေးသုံးငွေများအတွက် နေပြည်တော်၊ ရန်ကုန်မြို၊ မန္တလေးမြိုနှင့် တောင်ကြီးမြိုတိုတွင် ရောင်းချ ပေးခဲ့ရာ ၃၀-၇-၂၀၂၄ ရက်နေ့အထိ အမေရိကန်ဒေါ်လာ ၇၅၅,၇၉၆ ကို အများပြည်သူသို ရောင်းချပေးခဲ့ပြီး ဖြစ်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ တရားဝင် Website ဖြစ်သည့် www.cbm.gov.mm တွင် နိုင်ငံခြားငွေလဲလှယ်နှုန်း၊ နိုင်ငံခြားငွေရောင်းဝယ်ဆောင်ရွက်မှု အခြေအနေများအား နေ့စဉ်တရားဝင်ထုတ်ပြန် ကြေညာ လျက်ရှိပါသည်။ ယင်းသို တရားဝင်ထုတ်ပြန် ပေးလျက်ရှိသော်လည်း နိုင်ငံခြားငွေလဲလှယ်နှုန်း ကမောက်ကမ ဖြစ်စေ လိုသော မသမာသူ အဖျက် သမားများက လူမှုကွန်ရက်စာမျက်နှာများဖြစ်သည့် Facebook၊ Telegram၊ Viber တိုမှတစ်ဆင့် မဟုတ်မမှန်လုပ်ကြံသတင်းများထုတ်ပြန်၍ နိုင်ငံခြားငွေလဲလှယ်နှုန်းများ မြင့်တက်စေရန် လှုဆော် လျက်ရှိ သဖြင့် Nuggets(Viber Group) ၊ Seven Star ဈေးနှုန်း၊ ဒေါ်လာရောင်းဝယ်ရေးနှင့် Update ဈေးနှုန်းများ၊ $Dollor Exchange Service MM စသည်တိုအား တရားဥပဒေစိုးမိုးရေးအဖွဲအစည်း များနှင့်ပူးပေါင်း၍ စိစစ်ဖော်ထုတ်လျက်ရှိပါသည်။

သိုပါ၍ ပြည်သူများအနေဖြင့် မလိုလားအပ်သည့် ဆုံးရှုးနစ်နာမှုများ မဖြစ်ပေါ်စေရေးအတွက် တရားမဝင် ဒီဂျစ်တယ် ငွေကြေးများ အရောင်းအဝယ်ပြုလုပ်ခြင်းနှင့် ဟွန်ဒီဖြင့် တရားမဝင် ငွေလွှလုပ်ငန်းဆောင်ရွက်ခြင်းများ မပြုလုပ်ကြပါရန်နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တရားဝင် ခွင့်ပြုချက်လိုင်စင်ရရှိထားသည့် ဘဏ်များနှင့် Money Changer များထံမှသာ နိုင်ငံခြားငွေများအား ရောင်းဝယ်လဲလှယ်ခြင်းကို ပြုလုပ်ကြရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အသိပေးထားပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Previous post (၁-၈-၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
Next post နစကဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ် ဝန်ကြီး ဦးကိုကိုလှိုင် ကမ္ဘောဒီးယားဝန်ကြီးချုပ်၊ ဆီးနိတ်ဥက္ကဋ္ဌတို့နှင့် သီးခြားစီ တွေ့ဆုံ